Saturday, February 2, 2013
မက္ကဆီကိုရေနံကုမ္ပဏီ၌ ပေါက်ကွဲမှုဖြစ်ပွား
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုအစိုးရပိုင် ပီမစ်ရေနံကုမ္ပဏီဌာနချုပ် ရုံးတွင် ဇန်န၀ါရီ ၃၁ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ၂၅ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု မက္ကဆီကို ရေနံအဖွဲ့က ပြောကြားသည်။ မက္ကဆီကိုနိုင်ငံ ပြည်ထဲရေး ၀န်ကြီး မီဂူးလ်အန်ဂယ် အိုဆိုရီယိုချောင် က သေဆုံးမှု များအား အတည်ပြု ပြောကြားခဲ့ပြီး အဆိုပါ မတော်တဆဖြစ်မှုကို အတိအကျ မသိရသေးဟု ဆိုသည်။ အဆိုပါ ပေါက်ကွဲမှုသည် မက္ကဆီကိုမြို့လယ်ထဲရှိ ဘီ-၂ ပီမစ်မျှော်စင် စီမံခန့်ခွဲရေးဌာန အဆောက်အအုံ၌ ညနေ ၄ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ တင်ပို့ပေးခဲ့ရပြီး လူ ၃၅၀၀ ခန့်အား ဘေးကင်းရာ သို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် အဆောက်အအုံအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ထုတ်ပေးခဲ့သည်ဟု ဆိုသည်။ ၄င်းပီမစ်ရုံးချုပ် တည်ရှိရာ အဆောက်အအုံသည် ၂၁၁ မီတာအမြင့်ရှိပြီး အထပ် ၅၄ ထပ်ပါဝင်ကာ မက္ကဆီကိုမြို့ရှိ အမြင့်ဆုံး အဆောက်အအုံများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment