Saturday, February 23, 2013

ပါကစ္စတန်ရှိ ကျောင်းတစ်ကျောင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား


ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ဖေဖော်ဝါရီ ၂၁ ရက်က မီးလောင်ကျွမ်းရာ အသက် ခုနစ်နှစ်မှ ၁၂ နှစ်ကြားရှိ ကလေး ၂၃ ဦးနှင့် ဆရာမတစ်ဦး မီးလောင်ဒဏ်ရာများ ရရှိသွားသည်။ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားရာမှ မီးလောင်ကျွမ်းခြင်းဖြစ်သည်။  လာဟိုးမြို့ ရှတ်ဒရာဒေသရှိ ပုဂ္ဂလိကကျောင်း ဒါရာ-အာကွမ်မှ စာသင်ခန်းအတွင်း စတုတ္ထတန်း ကျောင်းသား ၂၀ ကျော် စာသင်ကြားနေစဉ် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာသို့ ကယ်ဆယ်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ လျင်မြန်တစွာ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများအား မာရိုဆေးရုံသို့ ပို့ဆောင်ပေးလိုက်သည်။ မီးလောင်ဒဏ်ရာများမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အဆင့်မဟုတ်ကြောင်း၊ ၃၀ ရာခိုင်နှုန်းလောက်သာ လောင်ကျွမ်းခံရကြောင်း သိရသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment