Tuesday, February 26, 2013
ဗီယက်နမ်နိုင်ငံက သုံးခုမြောက် ဂြိုဟ်တုလွှတ်တင်မည်
ဗီယက်နမ် နိုင်ငံက ယင်း၏ တတိယမြောက် ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေး ဂြိုဟ်တုတစ်လုံးကို ယခု ယခု ၂၀၁၃ ခုနှစ်တွင် ဒုတိယမြောက် လေးလအတွင်း ဂြိုဟ်တုပတ်လမ်းကြောင်းအတွင်းတွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရရုံး၏ ထောက်ခံအတည်ပြုချက် တစ်ရပ်အရ သိရသည်။ ဗွီအင်န်အာရ်အီးဒီဆက်-၁ အေ အမည်ရှိ ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေးဂြိုစ်တုကို ကမ္ဘာမြေ လေ့လာမှု သာဘာဝအရင်းအမြစ်များ လေ့လာစိစစ်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် သဘာဝ ဘေးအန္တရာယ်များ စောင့်ကြည့်လေ့လာမှု လုပ်ငန်းများအတွက် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ဗွီအင်န်အာရ်အီးဒီဆက်-၁ အေ ဂြိုဟ်တုကို ပြင်သစ်နိုင်ငံ အက်စ်ထရီယနက် ကုမ္ပဏီမှ တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ယင်းကုမ္ပဏီအနေဖြင့် ဂြိုဟ်တုစနစ်ပြီးဆုံးကာ မြေပြင်အဆောက်အအုံများမှ လက်ခံရရှိသည်အထိ ဗီယက်နမ်ကို ထောက်ပံ့ပေးသွားမည်ဟု ဆိုသည်။ ယင်းလုပ်ငန်းစဉ်အတွင်း အက်စ်ထရီယန် ကုမ္ပဏီက ဂြိုဟ်တုစနစ် ထိန်းချုပ်ရေးလုပ်ငန်းတွင် ဗီယက်နမ်နိုင်ငံသား ၁၅ ဦးကိုလည်း လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၇ဝ အကုန်အကျခံ တည်ဆောက်ထားသည့် အဆိုပါဂြိုဟ်တုကို ပြင်သစ်နိုင်ငံ ဂိုင်ယာနာရှိ ဂိုင်ယာနာ အာကာသ လွှတ်တင်ရေးစခန်းမှ အရီယားနားစပေ့စ်ယာဉ်ဖြင့် အာကာသအတွင်း လွှတ်တင်သွားမည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်များက ဗီနာဆက်-၁နှင့် ဗီနာဆက်-၂ ဂြိုဟ်တုများကို ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လွှတ်တင်ခဲ့သည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment