Friday, February 22, 2013

ဆီးရီးယားအစိုးရတပ် ဒုံးကျည်ပစ်ခတ်မှု ပြည်သူ ၃၁ ဦး သေဆုံး


ဆီးရီးယားနိုင်ငံအတွင်း စစ်တပ်၏ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ၃၁ဦးအနည်းဆုံး သေဆုံးကြောင်း မျက်မြင်သက်သေများနှင့် တက်ကြွလှုပ်ရှားသူများက ပြောသည်။ သူပုန်များစီးနင်းထားရာ ရောဘဲလ်ဘာဒရို ခရိုင်အတွင်း ဒုံးကျည် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ အဆောက်အအုံတချို့ ပျက်စီးကြောင်း ဘီဘီစီ သတင်းတွင် ဖေဖော်ဝါရီ ၁၉ ရက်က ဖော်ပြသည်။ အဆောက်အအုံ အပျက်အစီးများ အောက်တွင် သေဆုံးသူများစွာ ရှိနေဦးမည်ဟု ဒေသခံများက စိုးရွံ့စွာပြောကြားကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။ ယခုအရေးကိစ္စကို ဆီးရီးယား အစိုးရဘက်က တစ်စုံတစ်ရာ ကိုင်တွယ်ဖြေရှင်းခြင်း မရှိဟုလည်း ဆိုသည်။ ဆီးရီးယားနိုင်ငံအတွင်း သမ္မတ ဘာရှာအယ်အာဆတ်အား ဆန့်ကျင်သည့် ဆူပူအုံကြွမှုများ ၂ဝ၁၁ ခုနှစ် မတ်လအတွင်း စတင်ပြီးနောက် ပဋိပက္ခများအတွင်း သေဆုံးခဲ့သူပေါင်းမှာ ၇ဝဝဝဝ နီးပါး ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment