Saturday, February 23, 2013

မှော်ဘီရှေ့ဆောင်ဟိုင်းလတ်ကားတိမ်းမှောက်မှု ၁၂ ဦး ဒဏ်ရာရ

ယနေ့ဖေဖော်ဝါရီ(၂၃)ရက်နေ့ နံနက်၈း၃၀အချိန်ကရန်ကုန်-မှော်ဘီ ပြေးဆွဲနေသောဟိုင်းလတ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန၌အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း ၅၁ လမ်းရုံး မှသိရသည်။
 
အဆိုပါ ကားမှာ လှိုင်မြို့နယ်အတွင်းရှိ သံလမ်းမှတ်တိုင်အနီးတွင် အရှိန်မထိန်းနိုင်သဖြင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။
 
ကားကတော့ အရှိန်မထိန်းနိုင်လို့မှောက်သွားတာပါ၊ လူတွေလည်း တင်လာတာအများကြီးပဲ၊ရှေ့မှာလည်း ကားတွေ ပိတ်နေတော့၊ ဘရိတ်အုပ်လိုက်တော့ စောင်းပြီးမှောက်သွားတာ။ ဟုမျက်မြင်သက်သေတစ်ဦးဖြစ်သည့် ဦးတင်အေးကပြောသည်။
 
ကားတိမ်းမှောက်ခြင်းကြောင့် စုစုပေါင်း ခရီးသည်ဆယ့်နှစ်ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက်မရှိ သေးကြောင်းနှင့် အဆိုပါကားသည် ရှေ့ဆောင်ကားလိုင်းမှဖြစ်ကြောင်း မထသမှတာဝန်ရှိသူတစ်ဦးကပြောပြသည်။
 
ယင်းနေရာသည် ယခင်ကလည်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားဘူးသည့်နေရာဖြစ်ကြောင်း ရပ်ကွက်နေပြည်သူအချို့ကပြောသည်။
 
ဟိုင်းလတ်တွေကတော့ အရမ်းအန္တရာယ်များတယ်ဗျ၊ တင်လိုက်ရင်လည်း လူတွေအများကြီးပဲ၊နောက်ကတွယ်စီးတဲ့လူတွေ လက်လွတ်သွားရင်တော့ မတွေးရဲစရာပဲ။ ဟု ကမာရွတ်မြို့နေလူငယ်တစ်ဦးကပြောသည်။
ရွှေစင်စုလတ် ( မြစ်မခ )

No comments:

Post a Comment