Friday, February 22, 2013
ကီလိုမီတာ ၃၀၀၀ အကွာအထိ ဖမ်းယူနိုင်သော ရေဒါစနစ်များ အီရန်ထုတ်လုပ်
ကီလိုမီတာ ၃ဝဝဝ အကွာအဝေး အထက်ကို လွှမ်းခြုံနိုင်စွမ်းရှိသော ဘက်စုံသုံး တာဝေးရေဒါစနစ်ကို အီရန်နိုင်ငံက ထုတ်လုပ်လျက်ရှိကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဗာဟီဒီ၏ ပြောကြားချက်ကို ဖေဖော်ဝါရီ ၂ဝ ရက်က ပရက်စ်တီဗွီ သတင်းတွင် ဖော်ပြသည်။ အီရန်နိုင်ငံအနေဖြင့် ကီလိုမီတာ ၅ဝဝ မှ ၇ဝဝ အကွာအဝေးကို လွှမ်းခြုံဖမ်းယူနိုင်သည့် ရေဒါများကို ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကီလိုမီတာ ၁ဝဝဝ မှ ၃ဝဝဝ အကွာအဝေးကို လွှမ်းခြုံဖမ်းယူနိုင်သည့် ရေဒါသစ်များကို တည်ဆောက်နေကြောင်း ဗာဒီဟီက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ပြည်တွင်းဖြစ် ရေဒါအချို့ကို ထောက်လှမ်းရေး ဂြိုဟ်တုများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း အီရန်ကာကွယ်ရေး ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် မကြာမီလများတွင် ရေဒါများ၊ ရေယာဉ်များ၊ စက်လှေများနှင့် ရေငုပ်သင်္ဘောများကို ကာကွယ်ရေး ကဏ္ဍသစ်အနေဖြင့် ပြသတော့မည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။ အီရန်နိုင်ငံသည် ဘက်စုံသုံး တိုက်လေယာဉ်နှင့် မောင်းသူမဲ့ ကင်းထောက်လေယာဉ်များကို မကြာမီအချိန်တွင် နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို တိုးမြှင့်သည့်အနေဖြင့် ပြသနိုင်တော့မည်ဖြစ်ကြောင်း ဗာဟီဒီက စောစောပိုင်းက ပြောကြားခဲ့သည်။
(ပရက်စ်တီဗွီ)
khitlunge

No comments:
Post a Comment