Saturday, February 23, 2013
လက်နက်နှင့် မူးယစ်ဆေးဝါး ရှာဖွေရာတွင် ရုရှားစစ်ဘက်က ကြွက်များ အသုံးပြုမည်
ရုရှားစစ်ဘက်ဆိုင်ရာ သုတေသီများသည် လက်နက်များ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို ရှာဖွေဖော်ထုတ်ရာတွင် ကြွက်များကို အသုံးပြုနိုင်ရန် လေ့လာလျက်ရှိကြောင်း အစ်ဇဘက်ရှား သတင်းစာက ဖေဖော်ဝါရီ ၂၁ရက်တွင် ရေးသားဖော်ပြသည်။ ကြွက်များသည် ဖောက်ခွဲရေး ပစ္စည်းများနှင့် လက်နက်များ ရှာဖွေရာတွင် ခွေးများထက်ပင် အနံ့ခံနိုင်စွမ်း ပိုမိုကောင်းမွန်ကြောင်း ကျွမ်းကျင်သူ ပညာရှင်များက ပြောကြားကြသည်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းတွင် ကြွက်များကို အသုံးပြုလျက်ရှိပြီးဖြစ်ကြောင်း၊ ရုရှားစစ် ထောက်လှမ်းရေးနှင့် လျှို့ဝှက်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များက ကြွက်များကို အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်နိုင်ရန် စမ်းသပ်လေ့လာမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကျွမ်းကျင်သူ ပညာရှင် တစ်ဦးဖြစ်သူ ဗီနီဒီတော့ဗ်က ပြောကြားသည်။
(ရိုက်တာ)
khitlunge

No comments:
Post a Comment