Friday, February 22, 2013

“Own Tune ဆိုရတာ ယုံကြည်မှုပိုရှိကြောင်း ခင်ဘုဏ်းပြော”


ဂီတလောကမှာ အချိန်ကာလ တစ်ခုတိုင်သီချင်းများသီဆိုရင်းဂီတနဲ့ဘဝတစ်သားတည်း ခရီး သွားနေခဲ့သူအဆိုတော်ခင်ဘုဏ်းကို တင်ဇာမော်ရဲ့ Duet Tour 2013 ရှိုးပွဲမှာ တင်ဇာမော်နဲ့အတူ သီချင်းများအားပါးတရ သီဆိုခဲ့တာကိုတွေ့ရပါတယ်။ ပရိသတ်နဲ့ အလှမ်းဝေးသလိုဖြစ်နေတဲ့ ခင်ဘုဏ်းကို အနုပညာလှုပ်ရှားမှုအနေနဲ့ ဆက် လုပ်မယ့် အစီအစဉ်များကို မေးကြည့်တော့ “ရှိုးတွေကတော့ ဆိုဖြစ်တယ်။ နယ်ရှိုးတွေရော အစုံပေါ့။ အဓိက ကတော့ အချိန်လေးနည်းနည်းယူနေတာပါ။ ကိုယ့်ဘာသာ ကိုယ်လည်း မအားသေးလို့ပါ။ အခွေလုပ်တယ် ဆိုတာက အချိန်ရော၊ လူရော၊ စိတ်ရော အကုန်လုံးအားမှ လုပ်လို့ရတာလေ။ အခု အိမ်မှာအဘွား ကျန်းမာရေးကလည်းရှိ နေတော့လေ။ အိမ်မှာက မိသားစုလည်းနည်းတော့ တစ်ယောက်တည်းပဲ လုပ်နေရတယ်။ သီချင်းကတော့ ဆက်ဆိုသွားမှာပါ။ ခင်ဘုဏ်းအခုလုပ်နေတဲ့ အခွေမှာ သီချင်း ပုံစံ တော်တော်တော့ကွဲမယ်။ သီချင်းအမြန်ပုံစံတွေ နည်းနည်း ပြောင်းလိုက်တယ်။ တဖြည်းဖြည်းတော့ ပုံစံကွဲလာတာပေါ့။ ခေတ်ရေစီး ကြောင်းအရရော၊ အသက်အရွယ် အရရော အယူအဆတွေ ကွဲလာတယ်”လို့ ပြောပါတယ်။ အခုအချိန်မှာ လူငယ်တွေအနေနဲ့ ကိုယ်တိုင်ရေး Own Tune တွေလုပ် လာတဲ့အပေါ် ကော်ပီသီချင်းဆိုရတာနဲ့ ဥတညွှကညန သီချင်းဆိုရတဲ့အပေါ်ကိုလည်း ခင်ဘုဏ်းက ”အဓိကကတော့ Own Tune ဆိုလည်း Own Tune အလျောက် တာဝန်ရှိတာပဲ။ ကော်ပီဆိုလည်း ကော်ပီ အလျောက် တာဝန်ရှိတာပဲ။ ခင်ဘုဏ်းတို့က နှစ်မျိုးစလုံးဆိုတဲ့သူတွေ ဆိုတော့လေ။ ပြီးခဲ့တဲ့အခွေဆို Own Tune တွေပဲတစ်ခွေလုံးလုပ်တယ်။ ဆိုတဲ့သူ တစ်ယောက် အနေနဲ့ သူ့နေရာနဲ့သူ တာဝန်ကြီးတာချည်းပဲ။ လျှော့တွက်လို့တော့ မရပါဘူး။ ဥပမာ- ‘မိုးပြေး’ လိုသီချင်းမျိုးဆိုရင် ခင်ဘုဏ်း ဂစ်တာတီးတတ်ကတည်းက ဆိုခဲ့တဲ့သီချင်း။ ကြီးကျယ်ခမ်းနားတဲ့ Arrangement တွေနဲ့တော့ မဟုတ်ဘူး။ ထိထိမိမိနဲ့ ရိုးရိုးသာသား မက်ဆေ့ခ်ျ လေးပေးဖို့ပါပဲ။ ခင်ဘုဏ်းအတွက်ကတော Own Tuneတွေ ဆိုရတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတယ်”လို့ ပြောပါတယ်။
Popular Journal

No comments:

Post a Comment