Friday, March 22, 2013

ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၅ဝ ဦး စာရင်းတွင် တရုတ် မင်းသမီးချော ကျန်းကျိယီ ပါဝင်


ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါပြီး အာရှမှာ သာမက ကမ္ဘာ မှာပါ အောင်မြင်မှုများစွာကို သိမ်းပိုက်ထားသည့် တရုတ်မင်းသမီးချော ကျန်းကျိယီသည် Los Angeles Timesမဂ္ဂဇင်းက ရွေးချယ်သော ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၅ဝ ဦးစာရင်းတွင် ဖော်ပြခံရကြောင်း သိရသည်။

အော်စကာဆုနှင့် Golden Globe ဆုများကို လျာထားခံရသည့် ကျန်းအား Crouching Tiger, Hidden Dragon ဇာတ်ကားတွင် သရုပ် ဆောင်ပြီး နောက်ပိုင်းအနောက် နိုင်ငံများ၏ အားပေး မှုကိုပါ ရရှိ လာခဲ့သူ ဖြစ်သည်။

Hero ဇာတ်ကားသည် အင်္ဂလိပ်ဘာသာဖြင့် ရိုက်ကူး ပြသသည့် ကျန်း၏အအောင်မြင်ဆုံး ဇာတ်ကား ဖြစ် သည်။ ကမ္ဘာကျော် အလှကုန်များ ဖြစ်သည့် Maybelline နှင့် Garnier တို့တွင်လည်း ကျန်းသည် ပင်တိုင် မော်ဒယ်လ် တစ်ဦး ဖြစ်လာ ခဲ့သည်။ အိုလံပစ် အားကစား ပွဲတွင် အထူး သံတမန် အဖြစ် ဆောင် ရွက်ခဲ့သူ ဖြစ်ပြီး ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့အစည်းတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်သည့် ကျန်းသည် ကိန်းရုပ်ရှင်ပွဲတော်တွင် အဆုံးအဖြတ် ပေးရသည့် အသက်အငယ်ဆုံး အနုပညာရှင် ဖြစ်ခဲ့သည်။

ကမ္ဘာ့အလှဆုံး အမျိုးသမီး ၅ဝ ဦးစာရင်း၌ ကျန်းကျိယီ နှင့်အတူ အမေရိကန် သမ္မတအိုဘားမား ကတော် မီချဲလ်အိုဘားမား၊ အဆိုတော် ကေတီပယ်ရီ၊ ဘီယွန်းစေး၊ ဆားဘီးယား တင်းနစ် အကျော် အမော် အန်နာ အီဗာနိုဗစ် တို့လည်း ပါဝင်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment