Thursday, March 21, 2013

ဘင်္ဂလားဒေ့ ရှ် သမ္မတ မိုဟာမက် ဇီလာရာမန် ကွယ်လွန်


ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မိုဟာမက်ဇီလာရာမန်သည် အဖျားရောဂါဖြင့် စင်ကာပူနိုင်ငံ ဆေးရုံတစ်ခုတွင် မတ် ၂ဝ ရက်က ကွယ်လွန်သွားပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် သမ္မတရုံး အတွင်းရေးမှူး မိုဟာမက်ရှာဖီယူလ်အလမ်က အဖျားရောဂါ စွဲကပ်ခံစားနေရသော သမ္မတဇီလာရာမန်သည် ဘင်္ဂလားဒေ့ရှ် စံတော်ချိန် ညနေ ၄ နာရီ ၄၇ မိနစ်တွင် စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။ သမ္မတ ဇီလာရာမန်သည် စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံသို့မတ် ၁ဝ ရက်ကတည်းက အရေးပေါ် လေယာဉ်ဖြင့် လာရောက်၍ ဆေးဝါးကုသမှု ခံယူနေသူဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ဇီလာရာမန် ကွယ်လွန်အသက် (၈၄) နှစ်ရှိ ဝါရင့်နိုင်ငံရေးသမား ဇီလာရာမန်သည် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာ အထွေထွေရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ဘင်္ဂလားဒေ့ရှ် အဝါမီလိဂ်ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီးနောက်၂ဝဝ၉ ခုနှစ်တွင် သမ္မတဖြစ်လာသူဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် လွှတ်တော်ဥက္ကဋ္ဌ အဗ္ဗဒူလ်ဟာမစ်တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၁၉)ယောက်မြောက် သမ္မတ ဇီလာရာမန် ကွယ်လွန်မှုအတွက် အလွန်ဝမ်းနည်း ကြေကွဲရပါကြောင်း ထုတ်ဖော်ပြောကြားကြသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment