Friday, March 22, 2013

မိတ္ထီလာမြို့၌ ဆူပူအကြမ်းဖက်မှုကြောင့် ယနေ့အထိ သေဆုံးသူ (၁၁)ဦး၊ ဒဏ်ရာရသူ (၃၉) ဦးရှိ မတ်လ (၂၂) ရက်မှစ၍ မိတ္ထီလာခရိုင်၌ အရေးပေါ်အခြေအနေကြေညာထား ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့်မလာအောင် ပြည်သူများက တာဝန်ရှိသူများနှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထား

မန္တလေးတိုင်းဒေကြီး မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်း ဖက်မှုကြောင့် ယနေ့ ညနေပိုင်းအထိရရှိသော သတင်းများအရ စုစုပေါင်း သေဆုံးသူ (၁၁) ဦး၊ ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း၊ ပဋိပက္ခကြောင့် ပျက်စီးမှု အနေဖြင့် နေအိမ် (၁၅၂) လုံး၊ မော်တော်ယာဉ် (၂) စီး၊ ပညာရေးမှူးရုံး (၁)လုံး၊ ဆိုင်ကယ် (၁) စီး၊ သုံးဘီးဆိုင်ကယ် (၂) စီး၊ ဘာသာရေး အဆောက်အအုံ (၁၃) လုံးရှိကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတရုံးကဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပြီး ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်းအေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံးဖော်ဆောင်ပေး နိုင်ရေးအတွက် မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်အပါအဝင် မြို့နယ်လေးမြို့နယ်အား ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာထားသည်။

ပြည်သူများအနေဖြင့် ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့်မလာစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန်အတွက် ယခုဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများကို ဦးဆောင်ပြု လုပ်ခဲ့သူများ၊ ထပ်မံ၍ အလားတူလုပ်ဆောင်ရန် ကြံစည်သူ မျာအား တွေ့ရှိ
ပါက အရေးယူနိုင်ရေးအတွက် သတင်းပေးပို့ ကြပါရန် သက်ဆိုင်ရာ က မေတ္တာရပ်ခံ ထားကြောင်း သတင်းရ ရှိသည်။
 
ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment