Friday, March 29, 2013
ဝက်စ်ဟမ်း ပစ်မှတ် တိုက်စစ်မှူး ဘိုနီကို ကြားဝင် ကမ်းလှမ်းရန် ချယ်လ်ဆီး ဆန္ဒရှိနေ
ချယ်လ်ဆီး အသင်းသည် တိုက်စစ်နေရာအတွက် ဝက်စ်ဟမ်း ယူနိုက်တက်၏ ပစ်မှတ် ဝီလ်ဖရိုက်ဒ် ဘိုနီကို ကြားဝင် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရှိရသည်။
အသက်(၂၄)နှစ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင်သည် ယခုရာသီ နယ်သာလန် အမှတ်ပေး ပြိုင်ပွဲတွင် ဗီတက်ဆီ အန်ဟမ်းအတွက် (၂၄)ပွဲ ကစားကာ (၂၆)ဂိုး သွင်းပြထားသလို ကလပ်အသင်းကိုလည်း ချန်ပီယံ မျှော်လင့်နိုင်သည့် စာရင်းတွင် အံ့အားသင့်ဖွယ် ပါဝင်လာစေခဲ့သည်။ ဝက်စ်ဟမ်း အသင်းသည် ရာသီကုန်တွင် ဘိုနီကို ပေါင်စတာလင် (၁၂)သန်းဖြင့် ဝယ်ယူရန် အတည်ပြု ချိတ်ဆက်လျှက် ရှိနေသော်လည်း တိကျသည့် သဘောတူညီမှုမျိုး မတည်ဆောက်နိုင်သေးချေ။
ထိုအချိန်တွင် ဖာနန်ဒို တောရက်စ်၏ ကျဆုံးမှုများကို အစားထိုး ကုသရန် လူသစ်ရှာနေသော ချယ်လ်ဆီးကလည်း ၎င်းအား စောင့်ကြည့်နေကြောင်း သိရှိရသည်။ ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် ယခင် ချယ်လ်ဆီး ဂန္ထဝင်ဟောင်း ဒီဒီရာ ဒရော့ဂ်ဘာနှင့် ကစားဟန် ဆင်တူခြင်းကြောင့် ဘိုနီကို နှစ်သက်နေကြောင်းလည်း သိရသည်။ ဘိုနီသည် (၂၀၁၅)ခုနှစ်ထိ ဗီတက်ဆီ အသင်းတွင် စာချုပ်သက်တမ်း ရှိနေသော်လည်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
ချယ်လ်ဆီးသည် အကယ်၍ ဘိုနီကို ဝယ်ယူရန် ဆုံးဖြတ်ပါက တစ်ပတ် ပေါင်စတာလင် (၈၀၀၀၀)ထိ ပေးချေကာ (၄)နှစ် စာချုပ်ဖြင့် ကမ်းလှမ်းဖွယ် ရှိနေပြီး ယင်းအနေအထားကို ဝက်စ်ဟမ်းက ယှဉ်ပြိုင်နိုင်ဖွယ် မရှိဟုလည်း သတင်းများက ဖော်ပြသွားသည်။
Ref: The Sun
soccer myanmar

No comments:
Post a Comment