အီရန်နှင့် ပါကစ္စတန် နယ်စပ်ဂိတ် ဆောက်မည်
အီရန်နှင့်
ပါကစ္စတန်နိုင်ငံတို့သည် လုံခြုံရေးကိစ္စနှင့် ရာဇ၀တ်မှုများ
တိုက်ခိုက်ချေမှုန်းရာတွင် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်
ကြိုးပမ်းမှုတစ်ရပ်အနေဖင့် နှစ်နိုင်ငံ နယ်စပ်တစ်ခုစီတွင် လုံခြုံရေး
စစ်ဆေးရေး ဂိတ်လေးခုကို ဆောက်လုပ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
အီရန်နှင့် ပါကစ္စတန်တို့သည် နယ်စပ်လုံခြုံရေး စီမံခန့်ခွဲမှုအပေါ်
သဘောတူညီချက်တစ်ရပ်ကို ဖေဖော်ဝါရီ ၁၈ ရက်က ကောက်ချက်ချ
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ တီဟီရန် မြို့တွင် ကျင်းပသည့် လက်မှတ်ရေးထိုးပွဲ
အခမ်းအနားသို့ အီရန် ပြည်ထဲရေးဝန်ကြီး မော့စ်တာဖာမိုဟာမက်နာဂျာနှင့်
ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရာမင်းန်မာလစ်တို့ တက်ရောက်ခဲ့ကြသည်။
(ပရက်စ်တီဗွီ)
khitlunge
No comments:
Post a Comment