Thursday, March 7, 2013
ကွန်ဂိုလေယာဉ်ပျက်ကျ၊ လူဒါဇင်ပေါင်းများစွာသေဆုံး
ကွန်ဂိုဒီမိုကရက်တစ် နိုင်ငံအရှေ့ပိုင်း လေဆိပ်တစ်ခုအနီးတွင် ဖော်ကာလေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများ၏ ပြောကြားချက်ကို မတ် ၅ ရက်က ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ လေယာဉ်ပျက်ကျမှုသည် ကွန်ဂိုအရှေ့ပိုင်း မြောက်ကီဗူးပြည်နယ် ဂိုမာလေဆိပ်အနီးတွင် မတ် ၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပုဂ္ဂလိကပိုင် စီအေအေ လေကြောင်းလိုင်းမှ ယင်းဖော်ကာလေယာဉ်သည် ဂိုမာလေဆိပ်သို့ မဆင်းသက်မီ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အရာရှိများ၏ ပြောကြားချက်အရ သိရသည်။ သေဆုံးသူ ခရီးသည်များ၏ အမည်စာရင်းကို ရရှိရန် ရှာဖွေစစ်ဆေးနေဆဲ ဖြစ်သောကြောင့် သေဆုံးသူပေါင်း မည်မျှရှိသည်ကို အတိအကျ မသိရသေးကြောင်း၊ သို့သော်လည်း ၃၀ မှ ၅၀ ကြားတွင် ရှိနိုင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျူလင်ပါလူကူက ပြောကြားခဲ့သည်။
(ပရက်စ်တီဗွီ)
khitlunge

No comments:
Post a Comment