Tuesday, March 19, 2013

အာဖဂန်ရှိ မဟာဗျူဟာမြောက်ပြည်နယ်တွင် အမေရိကန်အထူးတပ်ဖွဲ့ ဆက်လက်ရှိဖွယ်


အငြင်းပွားဖွယ် အကျဉ်းထောင်တစ်ခုကို အာဖဂန်တို့၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ လွှဲပြောင်းပေးခြင်းအတွက် အတုံ့အပြန်အဖြစ် မြို့တော်ကဘူးအနီးရှိ မဟာဗျူဟာမြောက် အဓိကပြည်နယ်တွင် အမေရိကန် အထူးတပ်ဖွဲ့များ ဆက်လက်တပ်စွဲခြင်းကို ခွင့်ပြုမည့် အပေးအယူ သဘောတူညီချက် တစ်ရပ်ကို အာဖဂန်နှင့် အမေရိကန် တာဝန်ရှိသူများ ဆွေးနွေးလျက်ရှိသည်ဟု ထိပ်တန်း အာဖဂန်တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း တနင်္ဂနွေနေ့ ရိုက်တာ သတင်းတွင် ဖော်ပြသည်။ ဝါဒက်ပြည်နယ်မှ အမေရိကန် အထူးတပ်ဖွဲ့များ ထွက်ခွာစေရန် သမ္မတဟာမစ်ကာဇိုင်း၏ ဆုံးဖြတ်ချက်အပေါ် အမေရိကန် ကာကွယ်ရေးအရာရှိများက ဒေါသထွက်ခဲ့ကြသည်။ ၄င်းတို့သာ ထိုဒေသမှ ထွက်ခွာခဲ့လျှင် သောင်းကျန်းသူများက ဝင်ရောက်၍ အခိုင်အမာ ခြေကုပ်ယူကာ ၂၅ မိုင်မျှသာ ဝေးသော ကဘူးမြို့ကို ဝင်ရောက်တိုက်ခိုက်မည့် အရေးအား အမေရိကန်တို့ စိုးရိမ်ပူပန်လျက် ရှိသည်။ တာလီဘန်တို့နှင့် တိုက်ခိုက်လျက်ရှိသည့် အမေရိကန် အထူးတပ်ဖွဲ့တို့သည် လွန်ခဲ့သည့် သီတင်းပတ်ကတည်းက မတည်ငြိမ်သော ယင်းဒေသမှ ထွက်ခွာရမည် ဖြစ်သည်။ သို့သော် အမေရိကန်နှင့် အာဖဂန်တာဝန်ရှိသူများက ၄င်းတို့သည် ယင်းဒေသ၌ စစ်ဆင်ရေး ဆောင်ရွက်ဆဲဖြစ်သည်ဟု ရိုက်တာသို့ ပြောကြားခဲ့သည်။ 
(ရိုက်တာ)
khitlunge

No comments:

Post a Comment