Thursday, March 21, 2013
အမေရိကန်သမ္မတ ဘားရက်အိုဘားမား ပထမဆုံးအကြိမ် အစ္စရေးသို့ သွားရောက်
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ၄င်း၏ သမ္မတသက်တမ်းအတွင်း ပထမဆုံးအကြိမ် အစ္စရေးနိုင်ငံသို့ မတ် ၂ဝ ရက် က သွားရောက်ခဲ့ကြောင်း၊ အစ္စရေးနိုင်ငံတွင် သမ္မတအိုဘားမား လာရောက်သည့် ခရီးစဉ်အတွက် လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း မီဒီယာများက ဖော်ပြသည်။ အမေရိကန်သမ္မတ အိုဘားမားသည် သုံးရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအပြင် ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်တို့နှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ တင်းမာမှု လျှော့ချရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များ တိုးတက်ဖြစ်ထွန်းလာစေရေး တို့ကို ဦးစားပေး ဆွေးနွေးမည်ဖြစ်သည်။ ထို့အတူ ဆီးရီးယားပြဿနာများနှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေများကို အပြန်အလှန် ဆွေးနွေးကြမည်ဖြစ်သည်။ ထို့အပြင် အီရန်နိုင်ငံ၏နျူကလီးယား လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း အစ္စရေး ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်ပြီး အခြေအနေများ တိုးတက်ကောင်းမွန်ရန် ကြိုးစားဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း သမ္မတ အိုဘားမားနှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ ဆွေးနွေးကြမည်ဖြစ်သည်။ သမ္မတအိုဘားမား၏ အစ္စရေးနိုင်ငံ ခရီးစဉ်နှင့် ပါလက်စတိုင်း ခရီးစဉ်များအတွင်း လုံခြုံရေး အစောင့်အကျပ် ထူထပ်စွာ ချထားခဲ့သည်။ အိုဘားမားသည် အစ္စရေးပြည်သူများအား မိန့်ခွန်းတစ်ရပ် ပြောကြားမည်ဖြစ်သည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment