Tuesday, March 5, 2013

တရုတ်နိုင်ငံ၌ ငလျင်လှုပ်၊ နေအိမ် ၇၀၀ ပျက်စီး


တရုတ်နိုင်ငံ အနောက်ပိုင်းတွင် မတ် ၃ ရက်က ရစ်ခ်ျတာစကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်မှုကြောင့် အနည်းဆုံး ၃၀ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒါလီမြို့မှ ၅၁ ကီလိုမီတာခန့် အကွာတွင် ဗဟိုပြုလှုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းတွင် ဖော်ပြသည်။ ဆင်ဟွာ သတင်းဌာန၏ ထုတ်ပြန်ချက်အရ ယင်းငလျင်ကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် နေအိမ် ၂၅၀၀ ခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။ 
(ပရက်စ်တီဗွီ)
khitlunge

No comments:

Post a Comment