Friday, March 15, 2013
နိုင်ငံဝန်ထမ်းတွေ လစာ တိုးပေးတော့မည်
အစိုးရ၀န်ထမ်းများ၏ လစာ ကျပ် ၂ သောင်းစီ တိုးမြှင့်ပေးနိုင်ရန် နှင့် အချိုးကျ တိုးမြှင့်လာမည့် ပင်စင်လစာနှင့် ဆုငွေများအတွက် သာမန်အသုံးစရိတ်တွင် ထည့်သွင်း လျာထားပါကြောင်း၊ လက်ရှိ ခံစားခွင့် ပြုထားသော အပိုထောက်ပံ့ကြေး ဒေသစရိတ် တို့ကိုလည်း ပြောင်းလဲမှုမရှိ ဆက်လက်ပေးနိုင်ရန် လျာထားပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီး ပြည်နယ်အဆင့် ဌာနများ အပါအ၀င် အမြဲတမ်း နိုင်ငံ့ဝန်ထမ်းဦးရေ ၁ သန်း ၂ သိန်းခန့်၊ နေ့စားဝန်ထမ်းဦးရေ ၇ သောင်း ၄ ထောင်ခန့်၊ အငြိမ်းစား ၀န်ထမ်း ၇ သိန်း ၆ သောင်း ခန့်တို့အတွက် ခန့်မှန်း လျာထားငွေ ကျပ် ၃၈၅ ဒသမ ၆၈၂ ဘီလျံကို သာမန်အသုံးစရိတ် အပိုင်းတွင် တိုးမြှင့်ရန် ထည့်သွင်းလျာထားပါကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းရှိန်က ယနေ့ မတ် ၁၅ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ထို့အပြင် နေ့စားဝန်ထမ်းများ တစ်နေ့လုပ်ခကို ကျပ် ၇၀၀ စီ တိုးမြှင့်ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
EMG

No comments:
Post a Comment