Monday, March 11, 2013
ကွာလာလမ်ပူတွင် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပန်းချီပြပွဲ ပြသ
နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကွာလာလမ်ပူမြို့ မလေးရှား ပန်းချီပြခန်းမှ ဦးစီး ကျင်းပသော MY DAY (ကျွန်ုပ်၏နေ့) အမည်ရှိ ပန်းချီပြပွဲ တစ်ရပ်ကို ခင်းကျင်း ပြသလျက် ရှိသည်။ ယင်း ပန်းချီပြပွဲတွင် အီရန် ပန်းချီဆရာမ ခြောက်ဦးတို့၏ ပန်းချီကားများ ပါဝင်ပြသလျက်ရှိပြီး နယ်သာလန်၊ ထိုင်ဝမ်၊ တောင်အာဖရိက၊ တရုတ်၊ ဒိန်းမတ်၊ အီရန်နှင့် အီရတ်နိုင်ငံတို့မှ ပန်းချီဆရာမ ၄၆ ဦးတို့၏ လက်ရာ ပန်းချီကားများ ပါဝင်သည်။ နိုင်ငံတကာ အမျိုးသမီးများနေ့၏ မူရင်း အခေါ်အဝေါ်မှာ နိုင်ငံတကာ အမျိုးသမီး လုပ်သားနေ့ဖြစ်ပြီး နှစ်စဉ် မတ် ၈ ရက်နေ့တွင် အထိမ်းအမှတ် အခမ်းအနား ကျင်းပမြဲ ဖြစ်သည်။ ယင်း ပန်းချီပြပွဲကို မတ် ၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မတ် ၁၀ ရက်တွင် ကျင်းပ ပြီးစီးခဲ့ပါသည်။
(အင်တာနက်)
khitlunge

No comments:
Post a Comment