Wednesday, March 27, 2013

လက်ကိုင်ဖုန်း သေနတ် ပေါ်ပေါက်နေ သဖြင့် တင်းကြပ်စွာ စစ်ဆေးနေ

လက်ကိုင် ဖုန်းသေနတ်များ ပေါ်ပေါက်နေသဖြင့် လေ ဆိပ်နှင့် သင်္ဘောဆိပ်များတွင် စနစ်တကျ စစ်ဆေးအရေး ယူ ဆောင်ရွက် သွားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြား ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလမှစ၍ လက်ကိုင်ဖုန်းသေနတ်များ ပေါ်ပေါက် နေကြောင်းသတင်းရရှိသဖြင့် လေ ဆိပ် နှင့်သင်္ဘောဆိပ်ရှိ နိုင်ငံခြား အဝင်အထွက်ဂိတ်များတွင် စနစ်တကျရှာဖွေစစ်ဆေးရန်လေကြောင်း ဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်သို့ အကြောင်းကြားထား ကြောင်း သိရ သည်။

” ပြည်ပအဝင် အထွက်တွေက ပုံမှန်စစ်ဆေးနေတာပဲ။ ခုချိန်ထိ တော့လက်ကိုင်ဖုန်းသေနတ်တွေ တော့ ဖမ်းမိတယ်လို့ မကြားရဘူး။ တော်တော်များများကို အသေးစိတ် စစ်ရတာ။

နည်းပညာရော ပစ္စည်းပါတိုးတက်လာတဲ့ခေတ်ဆိုတော့ အတိုင်းထက်အလွန်စစ်ရတယ်။ ပြီးတော့ ဟိုဘက်နိုင်ငံမှာလည်း အစစ်အဆေးမရှိဘဲ ဒီကိုရောက်မလာနိုင်ပါဘူး ”ဟု လေဆိပ်ရှိ စစ် ဆေးရေး အရာရှိ တစ်ဦး ကဆိုသည်။

ရန်ကုန်တိုင်း ဒေသ ကြီးအတွင်း တွင် လေဆိပ်၊ ရေဆိပ်များသာ မက မြို့တွင်း ကား လမ်းကြောများ တွင်လည်း ရှောင်တခင် ရှာဖွေစစ် ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဓား၊ စကေ ဘာ၊ နံချပ်ကူစသည့် လူကိုအန္တ ရာယ် ဖြစ်စေ နိုင်သော ကိရိယာများ ကိုင်ဆောင်ခြင်းရှိ၊ မရှိအသေးစိတ် စစ်ဆေးလျက်ရှိ ကြောင်း၊ ယင်းကဲ့ သို့ ပစ္စည်းများ တွေ့ရှိပါက လက် နက်ဥပဒေအရ ထိရောက်စွာအရေး ယူရန်စီမံချက် ချထားကြောင်း သိရသည်။

ZinYawNews

No comments:

Post a Comment