Friday, March 15, 2013

ချယ်လ်ဆီးအတွက် မျှော်လင့်ချက် အရိပ်အမြွက် ပေးလိုက်သည့် ဟစ်ဒင့်ခ်


ချယ်လ်ဆီးအသင်းသို့တစ်ကျော့ပြန်လာဖွယ်ရှိသည့်အရိပ်အခြေမျိုးဂူးစ်ဟစ်ဒင့်ခ်ကမှတ်ချက်ပြု ပြောဆိုလိုက်သည်။
ရုရှားကလပ် အန်ဇီးအသင်းကို ကိုင်တွယ်နေသည့် နယ်သာလန်သား မန်နေဂျာကြီးက ပရီးမီးယားလိဂ်တွင် အလုပ်လုပ်ရသည်ကို အလွန်နှစ်သက်ကြောင်း ဆိုသည်။ အသက်(၆၆)နှစ်ရှိ ဟစ်ဒင့်ခ်သည် ချယ်လ်ဆီးကို (၂၀၀၉)ခုနှစ်က ယာယီမန်နေဂျာအဖြစ် (၄)လကိုင်တွယ်ကာ FAဖလား ရယူပေးခဲ့သည်။ ယခုအခါ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ်လ် ယူနိုက်တက်နှင့် ကစားရန် အင်္ဂလန်သို့ ရောက်ရှိနေသည့် ဟစ်ဒင့်ခ်အား သတင်းထောက်များက ချယ်လ်ဆီးသို့ ပြန်လာလိုခြင်း ရှိမရှိ မေးမြန်းခဲ့ပြီး ၎င်းက အရိပ်အမြွက်အားဖြင့် ဆန္ဒရှိကြောင်း ဝန်ခံသွားသည်။
"ကျွန်တော်က ပရီးမီးယားလိဂ်ကို သိပ်သဘောကျမိပါတယ်။ ဒါတော့ အမှန်ပဲ။ ပရီးမီးယားလိဂ် ပွဲစဉ်တွေကိုလည်း ခုထိ ကြည့်ဖြစ်တယ်။ မန်နေဂျာတိုင်း၊ နည်းပြတိုင်းဟာ ထူးခြားအားကောင်းတဲ့ လိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ချင်ကြတာပဲလေ။ လောလောဆယ်တော့ ကျွန်တော့် အနာဂတ်ကို ကျွန်တော် ဘာမှ မပြောတတ်သေးပါဘူး"၎င်းက မှတ်ချက်ပြုခဲ့သည်။ ချယ်လ်ဆီးသည် ရာသီကုန်တွင် အသင်းအား လက်ရှိ တာဝန်ယူထားသည့် မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်နှင့် လမ်းခွဲရန် စီစဉ်ထားပြီးနောက် မန်နေဂျာသစ် တစ်ဦးကို ရှာဖွေနေရာ ဟစ်ဒင့်ခ်ကို ဖြစ်နိုင်ခြေ စာရင်းတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။
Ref: The Sun
soccer myanmar

No comments:

Post a Comment