Wednesday, March 6, 2013

ကမ္ဘာ့အမြန်ဆုံးငွေပေးချေမှုစနစ်သုံး မာစတာကတ်များ စတင်အသုံးပြုနိုင်

နိုင်ငံတကာတွင် အသုံးပြုနေသော မာစတာကတ်များအား မတ်လပထမအပတ်မှစ၍ POS စက်များတွင် စတင် အသုံးပြုနိုင်ပြီဖစ်သည်။
 
မြန်မာနိုင်ငံတွင် ၄င်းကတ်ဖြင့် ချိတ်ဆက် ဆောင်ရွက် နေသည့် ခရီးသွားလုပ်ငန်း ၊ ဟိုတယ် လုပ်ငန်း နှင့် ကျောက်မျက်ရတနာလုပ်ငန်း ၂၁ ခု အထိရှိပြီဖြစ်ကြောင်း သိရသည်။
 
နိုင်ငံတကာကနေ လာရောက်ကြတဲ့ ပြည်ပဧည့်သည်တွေ ငွေကိုင်တဲ့ ဒုက္ခကကင်းဝေစေရန်အတွက် ရည်ရွယ်တာဖြစ်တယ်၊ ငွေပေးချေတဲ့အခါမှာလည်းအမေရိကန်ဒေါ်လာအပြင် မြန်မာကျပ်ငွေနဲ့လည်း
 ပေးချေနိုင်တယ် ဟု CB ဘဏ်ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်ကပြောသည်။
 
မာစတာကတ်မှာ လွန်ခဲ့သောနှစ် စက်တင်ဘာလအတွင်းက ပြည်တွင်းဘဏ်လုပ်ငန်းတစ်ခုမှ စတင်ကာ အပြည်ပြည် ဆိုင်ရာ ငွေပေးချေမူကွန်ယက်ကို အသုံးပြုရန် ခွန့်ပြုချက်လိုင်စင်ထုတ်ပေးခဲ့ကြောင်းကိုလည်း သိရသည်။

မာစတာကတ် တံဆိပ်ပါ ကတ်များကို ထုတ်ဝေခွင့်ကတ် လက်ခံမှုကို  CBဘဏ် မှ စတင်ဆောင်ရွက်ခဲ့သည်။
 
Orchid Hotel၊ Myanmar Book Center၊ Myin Kaung ကျောက်မျက်လုပ်ငန်းနှင့်မြန်မာ့လက်မှုလုပ်ငန်း၊ Myanmar VES Gem & Jewellery၊ Hotel 7 Miles၊ SeinWin & Brothers၊  GMA Airline နှင့် New Star Jewellery တို့ရှိ POSစက်များ ၌သာ အသုံးပြုနိုင်ကြောင်းကိုလည်း သိရသည်။
 
ဈေးဝယ်ခြင်း၊တည်းခိုခြင်းတို့အတွက် ငွေပေးချေရာတွင် မာစတာကတ်ဖြင့် လက်လီအရောင်းဆိုင်များနှင့် ဟိုတယ်များရှိ POS စက်များတွင် အသုံးပြုနိုင်ပြီး နေပြည်တော်နှင့် မန္တလေးမြို့တို့တွင်လည်း လက်ခံအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။
 
မာစတာကတ်သည် တစ်ကမ္ဘာလုံး ငွေပေးချေမူနည်းပညာတွင် အမြန်ဆုံးသောငွေပေးချေသည့် ဘဏ္ဍာရေးကွန်ယက်စနစ်ကို အသုံးပြုထားကြောင်း သိရသည်။
 
မာစတာကတ် နည်းပညာနှင့် စွမ်းဆောင်ချက်များနှင့်အတူ  ဈေးဝယ်ခြင်း၊ခရီးသွားလာခြင်း၊ စီးမွားရေးကိစ္စ၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေးကဲ့သို့သော လုပ်ငန်းများ၌အသုံးပြုနိုင်ကြောင်း သိရသည်။
 
လက်ရှိတွင် မာစတာကတ်အား နိုင်ငံပေါင်း ၂၀၀ ကျော်၌ သုံးစွဲလျက်ရှိသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

Post a Comment