Friday, March 29, 2013
အေဂျက်စ်လူငယ် အဲရစ်ခ်ဆန်ကို လီဗာပူးလ် အလေးအနက် စိတ်ဝင်စားလာ
လီဗာပူးလ် အသင်းသည် ရာသီကုန်တွင် အေဂျက်စ် အမ်စတာဒမ် ကွင်းလယ် တိုက်စစ် ကစားသမားလေး ခရစ္စတီယန် အဲရစ်ခ်ဆန်ကို ခေါ်ယူရေး အင်တိုက်အားတိုက် ကြိုးစားလာဖွယ် ရှိနေကြောင်း သိရှိရသည်။
အသက်(၂၁)နှစ်သာ ရှိသေးသော်လည်း ဥရောပ၏ တက်လမ်းအကောင်းဆုံး ကစားသမားလေး တစ်ဦးအဖြစ် သတ်မှတ် ခံထားရသည့် ဒိန်းမတ် လက်ရွေးစင်ကို လီဗာပူးလ်က ယခုအခါ သိသိသာသာ စိတ်ဝင်စားမှု ပြသလာခဲ့သည်။ နယ်သာလန် ထိပ်တန်း ကလပ်တွင် ဘောလုံးရာသီအချို့၌ ထိပ်တန်းအဆင့် ခြေစွမ်းများ ပြသခဲ့သော အဲရစ်ခ်ဆန်ကို တော့တင်ဟမ် ဟော့စပါးကလည်း စောင့်ကြည့်နေသည်။ သို့သော်လည်း လီဗာပူးလ်က ရာသီကုန်တွင် ၎င်းအား အတည်ပြု ကမ်းလှမ်းလာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော်ဂျာက အသင်းအနေဖြင့် နွေရာသီတွင် အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ဝန်ခံထားရာ အဲရစ်ခ်ဆန်သည် ထိပ်တန်းပစ်မှတ် တစ်ခုဟု ယူဆရသည်။ လီဗာပူးလ်သည် နယူးကာဆယ်လ် ယူနိုက်တက်၏ ဟေတမ်ဘန်အာဖာ၊ ရှက်တာဒိုးနက်ခ်၏ ဟင်းနရစ်ခ် မာဟင်တာရန်တို့ နှစ်ဦးကိုလည်း တိုက်စစ်ပံ့ပိုးသော ကွင်းလယ်နေရာများအတွက် စောင့်ကြည့်လျှက် ရှိသည်။ လီဗာပူးလ်သည် ရာသီကုန်တွင် နောက်တန်းကိုလည်း အားဖြည့်ရန် မဖြစ်မနေ လုပ်ဆောင်ရဖွယ် ရှိနေပြီး လတ်တလောတွင် ဆွမ်ဆီး၏ အက်ရှ်လေဝီလျံအား စိတ်ဝင်စားလျှက်ရှိသည်။
Ref: Daily Mail
soccer myanmar

No comments:
Post a Comment