Friday, March 15, 2013

၁၆ ရက်နေ့ မွေးနေ့ရှင် ချစ်စနိုးဦး ရဲ့ မွေးနေ့အစီအစဉ်


ချစ်စနိုးဦးက လတ်တလောမှာတော့ တစ်ကိုယ်တော်စီးရီးအတွက် ပြင်ဆင်နေပြီး သင်္ကြန်အပြီးမှာ ထွက်နိုင်ဖို့လည်း စီစဉ်နေတယ်လို့ ပြောပြ ပါတယ်။ ချစ်စနိုးဦးရဲ့ “လက်ကလေး ဆွဲထား” သီချင်းက သင်္ကြန်မှာ ပရိ သတ်တွေ အကြိုက်ဖြစ်ခဲ့သလို ပရိသတ်တွေအားပေးမှုကို ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ချစ်စနိုးဦးကို ဒီနှစ်သင်္ကြန်အတွက် သီချင်းခွေဆိုဖြစ်လားလို့ မေးကြည့်တော့ ..”ဒီနှစ်ကသင်္ကြန် သီချင်းတစ်ပုဒ်မှ မလုပ်ဖြစ်ဘူး၊ လုပ်ရင်လည်း ကောင်းကောင်းလေးပဲ လုပ်ချင်တယ်။ သီချင်းထွက် ရင်ပြီးရော မဖြစ်ချင်ဘူး။ သင်္ကြန်မှာ ရန်ကုန်နဲ့ နေပြည်တော်မှာ တစ်ခုခုပဲ၊ အလုပ်နဲ့ ပဲ ရှိမှာပါ။ သင်္ကြန်မှာ အလုပ်လုပ်ဖြစ် တာများတယ်။ သင်္ကြန်ကို ငယ်ငယ်လေး ကတည်းက ပျော်တော့ အခုကတည်းက ပျော် နေရပြီ” လို့ ပြောပြပါတယ်။

မတ်လ ၁၆ ရက်နေ့က ချစ်စနိုးဦးရဲ့ မွေးနေ့လည်း ဖြစ်တာ ကြောင့် မွေးနေ့မှာတော့အလှူ အတန်း တွေပဲ လုပ်ဖြစ်မယ်လို့ပြောပြ ပါတယ်။
”မွေးနေ့မှာနှစ်တိုင်းက အလှူ အတန်းတွေပဲ လုပ်ဖြစ်တယ်။ ဒီနှစ်လည်း မွေးနေ့မှာ အလှူလုပ်မယ်။ ညဘက် ရင်းနှီး တဲ့ သူငယ်ချင်းတွေနဲ့ မုန့်သွားစားဖြစ်မယ်။ မွေးနေ့ကို ရန်ကုန်မှာရှိရင်တော့ မနက် ဘုရားသွားဖြစ်တယ်။ ဒီလောက်ပဲ လုပ်ဖြစ် မှာပါ။ နောက်ဒီရက်ပိုင်းလေး အားနေတော့ မိသားစုတွေနဲ့ စင်ကာပူကို အလည်သွားမယ်။ တောက်လျှောက် နယ်တွေ ခရီးတွေထွက်၊ အလုပ် တွေ လုပ်ပင်ပန်းနေတယ်။ အမေနဲ့ မောင်လေးတို့ လင်မယားနဲ့ သွားမှာပါ။ အမေ့ကိုလည်း လိုက်ပို့ချင်တာ ရော အပန်းဖြေတဲ့ အနေနဲ့ရော၊ အလည် အနေနဲ့ သွားမှာပါ။ အစကတော့ အခုသွားမလို့ကို သီချင်းခွေ အတွက်ကလည်း ပြီးအောင်အားစိုက်ပြီး လုပ်နေရတာနဲ့ မသွား ဖြစ်တာ၊ အဲဒါကြောင့် မွေးနေ့ပြီးမှပဲသွားဖြစ် တော့မယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

Popular Journal

No comments:

Post a Comment