ဖမ်းဆီးထားသော ကုလသမဂ္ဂ လေ့လာသူများကို ဆီးရီးယား သူပုန်များက ပြန်လွှတ်ပေးမည်
ဆီးရီးယား
သူပုန်များ ပြန်ပေးဆွဲထားသော ကုလသမဂ္ဂ လေ့လာသူ ၂၁ ဦးအား လုံခြုံလေးကင်းစွာ
ပြုစုစောင့်ရှောက်ထားကြောင်း အွန်လိုင်းဗီဒီယိုမှတ်တမ်းတွင် ဖော်ပြသည်။
အဆိုပါ ကုလသမဂ္ဂ ငြိမ်းချမ်းရေး လေ့လာသူများအား မတ် ၆ ရက်က အစ္စရေး
နယ်စပ်အနီး ဂိုလန်ကုန်းမြင့်ဒေသ၌ ယာမောက် အာဇာနည်အဖွဲ့က
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းဒေသမှ ဆီးရီးယား တပ်များ ဆုတ်ခွာသွားလျှင်
၎င်းတို့အား ပြန်လည်လွှတ်ပေးမည်ဟု အဆိုပါအဖွဲ့က ပြောကြားသည်။
၎င်းလေ့လာသူများအား မကြာမီ ပြန်လွှတ်ပေးလိမ့်မည်ဖြစ်ကြောင်း
ဖိလစ်ပိုင်နိုင်ငံက ပြောကြားသည်။ သို့သော်လည်း ညှိနှိုင်းနေဆဲဖြစ်သည်။
(ဘီဘီစီ)
khitlunge
No comments:
Post a Comment