Monday, March 25, 2013

ဖာဒီနန် ကိစ္စတွင် အင်္ဂလန် ပရိသတ်များ လှောင်ပြောင်မှု အပေါ် အပြစ် တင်ရန် မရှိဟု ဂျရတ်ဆို


အင်္ဂလန် ပရိသတ်များ အနေဖြင့် ရီယိုဖာဒီနန် ကိစ္စကို လှောင်ပြောင်ခွင့် ရှိသည်ဟု မိမိ ယူဆကြောင်း အင်္ဂလန် အသင်း ခေါင်းဆောင် စတီဗင် ဂျရတ်က ပြောကြားလိုက်သည်။
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဖာဒီနန်သည် အင်္ဂလန် အသင်း၏ ခံစစ်နေရာအတွက် ပြန်လည် ခေါ်ယူခြင်း ခံခဲ့ရသော်လည်း အသင်းအတွက် ကစားပေးရန် ကြံ့ခိုင်မှု မလုံလောက်ဟူသော အကြောင်းပြချက်ဖြင့် ပြန်လည် နုတ်ထွက်ခဲ့သည်။ သို့သော်လည်း ဖာဒီနန်သည် အင်္ဂလန်မှ ကာတာထိ သွားရောက်ကာ အင်္ဂလန်နှင့် ဆန်မာရီနို ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ဝေဖန်ရေး အစီအစဉ်မှူး အဖြစ် ပါဝင် လုပ်ဆောင်ခဲ့သည်။ အဆိုပါ အခြေအနေကြောင့် ပရိသတ်များက ဖာဒီနန်၏ အမည်ကို လှောင်ပြောင် အော်ဟစ်ခဲ့ကြသည်။
ယင်းနှင့် ပတ်သက်၍ လီဗာပူးလ်နှင့် အင်္ဂလန် အသင်းခေါင်းဆောင် ဂျရတ်က "အသင်းနဲ့အတူ ဖာဒီနန် မရှိတာကို စိတ်ပျက်ကြောင်း ပရိသတ်က ပြသခဲ့တာပါ။ ကျွန်တော်တို့ အားလုံးဟာ ဖာဒီနန်ကို အသင်းအတွက် ရှိစေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ ထူးချွန်တဲ့ ကစားသမားကောင်း တစ်ယောက် ဖြစ်နေလို့ပါပဲ။ ပရိသတ်ကတော့ သူတို့ အမြင်ကို ထုတ်ပြခွင့် ရှိပါတယ်။ သူတို့ဟာ ပွဲကြည့်ဖို့ အတွက် ငွေပေးထားရသူတွေ ဖြစ်တယ်လေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရွေးချယ်မှု အတွက် ကိုယ်ဆုံးဖြတ်တဲ့ ဖာဒီနန်ကိုလည်း ကျွန်တော်တို့ လေးစားရပါမယ်" ဟု ပြောကြားသွားသည်။
၎င်းက အင်္ဂလန်ကို အူလှိုက်သည်းလှိုက် အားပေးနေသည့် ပရိသတ်နှင့် ပတ်သက်ပြီးလည်း "သူတို့ဆီမှာ မယုံနိုင်လောက်စရာ လေးနက် တက်ကြွမှုမျိုး ရှိတယ်။ ခုဆိုရင် မွန်တီနီဂရိုးကို ပရိသတ်တွေ ကြိုရောက်နေပါပြီ။ ဆန်မာရီနိုနဲ့ ပွဲမှာလည်း ပွဲစဉ် အစဆုံး အသင်းနဲ့ အတူ ရပ်တည်ခဲ့တယ်။ ဒီအတွက် ကျွန်တော်တို့ ကစားသမား အားလုံးက ပရိသတ်တွေကို ကျေးဇူး တင်နေရမှာပါ" ဟု ဖွင့်ဟသွားသည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment