Sunday, March 24, 2013
ဆီးရီးယား၌ ဓာတုလက်နက်သုံးမှု မမှန်ကြောင်း ရုရှားပြောကြား
ဆီးရီးယားနိုင်ငံအတွင်း ဖြစ်ပွားနေသော တိုက်ခိုက်မှုများအတွင်း ဓာတုလက်နက်များ အသုံးပြုခဲ့မှုအတွက် ခိုင်လုံသော အထောက်အထား မတွေ့ရှိရကြောင်း ရုရှားထိပ်တန်း အရာရှိ တစ်ဦးက မတ် ၂ဝ ရက်၌ ထုတ်ဖော်ပြောကြားလိုက်သည်။ ဆီးရီးယားပြည်တွင်း၌ ဓာတုလက်နက်များ အသုံးပြုသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဓာတုလက်နက် သုံးစွဲခဲ့သည့် လက္ခဏာများ မတွေ့ရကြောင်း ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဂါတီယော့ဗ်က ပြောကြားသည်။ ဆီးရီးယားနိုင်ငံ အလီပိုပြည်နယ် တိုက်ခိုက်ရေးသမားများမှ မတ် ၁၈ ရက်က ပစ်ခတ်ခဲ့သော ဒုံးကျည်တစ်စင်းတွင် ဓာတုထိပ်ဖူး တပ်ဆင်ထားခဲ့ကြောင်း၊ ယင်းဓာတုထိပ်ဖူးတပ် ဒုံးကျည်သည် ခန်ခါအဆယ်မြို့အတွင်းစစ်စခန်း တစ်ခုကို ထိမှန်ခဲ့ရာ ဆီးရီးယားတပ်ဖွဲ့ဝင် ၁ဝ ဦးနှင့် အရပ်သား ၂၁ ဦးတို့ သေဆုံးခဲ့ရကြောင်း ဆီးရီးယား သံတမန်တစ်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment