ရှန်ဟိုင်းမြို့အနီးမြစ်အတွင်းမှ ဆယ်ယူရရှိသော ၀က်သေအကောင် ၆၆၀၀ ကျော်လာ
ရှန်ဟိုင်းမြို့အနီး
ဟွန်ပုမြစ်အတွင်း မျောလာသည့် ၀က်သေများကို ဆယ်ယူ ရရှိသည့် အရေအတွက်မှာ
မတ်လ ၁၃ ရက် နေ့တွင် အကောင် ၆၆၀၀ ကျော်လာပြီ ဖြစ်ကြောင်း ရှန်ဟိုင်းအစိုးရက
ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ၀က်သေများသည် ရှန်ဟိုင်းမြို့နှင့်
ကပ်နေသည့် မြစ်အထက်ပိုင်း ကျိကျန်ခရိုင်မှ လယ်သမား များက ရောဂါကြောင့်
သေသွားသည့် ၀က်များကို ရေထဲသို့ မျှောချလိုက်ခြင်း ဖြစ်နိုင်ကြောင်း
သတင်းများ ထွက်ပေါ်လာမှုကို ယင်းခရိုင် အရာရှိများက အတည်မပြုနိုင်သေးကြောင်း
ငြင်းဆိုထားသည်။ ဆယ်ယူ ရရှိသည့် ၀က်သေအချို့တွင် လူကို မကူးစက်နိုင်သည့်
porcine circovirus ၀က်ရောဂါကို တွေ့ရှိထားကြောင်း ရှန်ဟိုင်းမြို့
စိုက်ပျိုးရေး ကော်မရှင်အဖွဲ့က မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။
(အေအက်ဖ်ပီ)
khitlunge
No comments:
Post a Comment