Tuesday, March 19, 2013
ဆိုမာလီတောင်ပိုင်းရှိ ဟူဒါမြို့ကို အယ်လ်ရှာဘတ်တို့ တိုက်ခိုက်သိမ်းပိုက်
ဆိုမာလီနိုင်ငံအတွင်းရှိ အယ်လ်ရှာဘတ် တိုက်ခိုက်ရေးသမားများသည် အီသီယိုးပီးယား တပ်ဖွဲ့ဝင်များ ထွက်ခွာသွားပြီးနောက် နိုင်ငံတောင်ပိုင်းရှိ ဟူဒါမြို့ကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ မတ် ၁၆ ရက် နှောင်းပိုင်းက အီသီယိုးပီးယား တပ်ဖွဲ့ဝင်များ နောက်ဆုံး ထွက်ခွာသွားပြီးနောက် ဆိုမာလီတောင်ပိုင်းရှိ ဟူဒါမြို့သည် ယခုအခါ အယ်လ်ရှာဘတ် တိုက်ခိုက်ရေးသမားများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိ ခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အာဖရိကသမဂ္ဂ (အေယူ)တပ်ဖွဲ့ဝင်များနှင့် ဆိုမာလီ အစိုးရပ်တဖွဲ့ဝင်များသည် အယ်လ်ရှာဘတ် တိုက်ခိုက်ရေးသမားများ၏ ယခင်ခံတပ်မြို့ဟောင်းဖြစ်သည့် ဘူဟာကာဘာမြို့ကို ဖေဖော်ဝါရီ ၂၇ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဆိုပါဖြစ်ရပ် ဖြစ်လာခဲ့သည်။ ယင်းဘူဟာကာဘာမြို့သည် မိုဒါဒစ်ရှူးမြို့တောင်ဘက် ကီလိုမီတာ ၁၉၀ ခန့်အကွာတွင် တည်ရှိသည်။
(ပရက်စ်တီဗွီ)
khitlunge

No comments:
Post a Comment