Tuesday, March 19, 2013

ချယ်လ်ဆီး ကစားသမားများကို လူမျိုးရေး ခွဲသည့် ဝက်စ်ဟမ်း ပရိသတ် နှစ်ဦးအား ရဲတပ်ဖွဲ့ဖမ်းဆီး


ချယ်လ်ဆီး ကစားသမားများကို လူမျိုးရေး ခွဲခြား တိုက်ခိုက်ခဲ့သည့် ဝက်စ်ဟမ်း ယူနိုက်တက် ပရိသတ် နှစ်ဦးကို လန်ဒန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ချယ်လ်ဆီးက ဝက်စ်ဟမ်းကို (၂-၀)ဖြင့် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် အနိုင် ယူခဲ့ရာ၌ အဆိုပါ ပရိသတ်များက လူမျိုးရေး ခွဲခြားမှုများ ပြုလုပ်ခဲ့ခြင်းဟု မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ဆိုသည်။ ယင်းတို့နှစ်ဦးကို နောက်ပိုင်းတွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ရဲတပ်ဖွဲ့သည် ထိုနေ့က ကွင်းထဲသို့ အကြွေစေ့များနှင့် ပစ်ပေါက်သည့် ကိစ္စ အတွက်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ ဖရန့်ခ်လမ်းပတ်၏ အဖွင့်ဂိုး အတွက် အောင်ပွဲခံနေစဉ် ချယ်လ်ဆီး ကစားသမားများသည် အကြွေစေ့များ၊ ဟော့ဒေါ့မုန့် တစ်ခု အပါအဝင် အခြားသော ပစ္စည်းများနှင့် ပစ်ပေါက်ခြင်း ခံခဲ့ရသည်။
အချို့သော ဝက်စ်ဟမ်း ပရိသတ်များက ပုလင်းများကိုပါ ကွင်းထဲ ပစ်သွင်းခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပွဲမစမီ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေစဉ်က ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို ဧည့်သည်ပရိသတ်က လှောင်ပြောင်ရာမှ ချယ်လ်ဆီးအသင်းနှင့် ဝက်စ်ဟမ်း ပရိသတ်တို့ကြား တင်းမာမှုများ ဖြစ်ပေါ်နေခဲ့ပြီး ဖြစ်သည်။ တယ်ရီက ဆုဖလား ကိုင်မြှောက်သည့် ပုံစံ လက်ဟန်ခြေဟန်ဖြင့် တုံ့ပြန်ကာ ပရီးမီးယားလိဂ် ဖလား(၃)လုံး၊ FAဖလား (၅)လုံး၊ လိဂ်ဖလား(၂)လုံးနှင့်ချန်ပီယံလိဂ်ဖလား(၁)လုံးတို့ကို၎င်းဆွတ်ခူးနိုင်ခဲ့ကြောင်း ပြန်လည် လှောင်ပြောင်ခဲ့ရာ မြို့ခံပြိုင်ဘက် ပရိသတ်က ပိုမို ဒေါသ ထွက်လာခဲ့သည်။
ထို့နောက် ချယ်လ်ဆီးအသင်း ဂိုးသွင်းပြီး အောင်ပွဲ ခံချိန်တွင် ပစ္စည်းများဖြင့် ပစ်ပေါက်ကြခြင်း ဖြစ်သည်။ ဝက်စ်ဟမ်း အသင်းကမူ ယခုဖြစ်စဉ်တွင် မိမိတို့သည် အပြစ် ရှိသူများကို ဖော်ထုတ်ရန် ချယ်လ်ဆီးနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် တစ်ဦးချင်း စည်းဖောက်မှုများကြောင့် စည်းကမ်းတကျ အားပေးသော ပရိသတ်များကို အထိခိုက် ခံမည် မဟုတ်ကြောင်း ကြေညာထားသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment