Friday, March 1, 2013
ထိုင်းအစိုးရနှင့် သူပုန်များ ငြိမ်းချမ်းရေး သဘောတူညီ
ထိုင်းအစိုးရသည် နိုင်ငံတောင်ပိုင်းတွင် ဆယ်စုနှစ်ကြာမျှ တိုက်ခိုက်မှုကို အဆုံးသတ်ရန် ရည်ရွယ်ပြီး သူပုန်များနှင့် ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဖေဖော်ဝါရီ ၂၇ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်း မူဆလင် အများစု နေထိုင်ရာဒေသတွင် ၂၀၀၄ ခုနှစ် ကတည်းကစပြီး တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀၀၀ ထက်မနည်း သေဆုံးခဲ့ရသည်။ မလေးရှားဝန်ကြီးချုပ် နာဂျက်ရာဇတ်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်တို့သည် ဖေဖော်ဝါရီ ၂၈ ရက် နှောင်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ တွေ့ဆုံမည်ဖြစ်သည်။ ၄င်းတို့၏ နှစ်ပတ်လည် အစည်းအဝေးတွင် ထိုင်းနိုင်ငံတောင်ပိုင်း အကြမ်းဖက် သောင်းကျန်းမှုနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကိစ္စနှင့် ပတ်သက်သည့် ဆွေးနွေးမှုများ ပါဝင်မည်ဟု မျှော်လင့်ရသည်။ မလေးရှားနိုင်ငံသည် ထိုင်းအစိုးရနှင့် သူပုန်များအကြား စေ့စပ်ဆွေးနွေး မှုများအတွက် ပံ့ပိုးမှု တစ်ရပ်အနေဖြင့် ဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး မည်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကိုမဆို လက်ခံပြုလုပ်ပေးလျက်ရှိသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment