Tuesday, March 5, 2013

နှစ်စဉ် ငါးမန်းကောင်ရေ သန်း ၁၀၀ သေဆုံး


ကမ္ဘာတစ်ဝန်း စီးပွားရေးအရ ငါးမန်းဖမ်းဆီးမှု များပြားလာခြင်းကြောင့် နှစ်စဉ် ငါးမန်းကောင်ရေ သန်း ၁၀၀ ခန့် သေဆုံးနေရကြောင်း သုတေသန ပညာရှင်များက လေ့လာတွေ့ရှိထားသည်။ ငါးမန်းများ သေဆုံးနေရခြင်း၏ အဓိကအကြောင်းအရင်းတစ်ရပ်မှာ တရုတ်လူမျိုးတို့အကြား ငါးမန်းတောင်ဟင်းချို စားသုံးမှု များပြားနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ အဆိုးဆုံးမှာ ရေလုပ်သားများက ငါးမန်းများကို ဖမ်းယူပြီး ငါးမန်းတောင်များကိုဖြတ်ယူကာ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပင်လယ်အတွင်း စွန့်ပစ်နေကြသည်ဟု ဆိုသည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment