Sunday, March 24, 2013

ဘော်ရီနီ အစောတလျင် ပြန်ကစားနိုင်သော်လည်း ကယ်လီကို ရာသီကုန်ထိ လီဗာပူးလ် ဆုံးရှုံးရဖွယ်ရှိ


လီဗာပူးလ်မန်နေဂျာဘရန်ဒန် ရော့ဂျာအနေဖြင့်အသင်းမှဒဏ်ရာစာရင်းနှင့်ပတ်သက်ပြီး ကောင်းသတင်းရော၊ ဆိုးသတင်းပါ ကြားသိခဲ့ရကြောင်း သိရှိရသည်။
အီတလီ တိုက်စစ်မှူး ဖေဘီယို ဘော်ရီနီသည် ယခုအခါ မူလမျှော်လင့်သည်ထက် စောလျင်စွာ ပြန်ကစားနိုင်ရန် အခြေအနေ ကောင်းလာခဲ့သည်။ သို့သော်လည်း ညာတောင်ပံ ခံစစ်သမား မာတင်ကယ်လီမှာမူ ရာသီကုန်ထိ ကွင်းဘေး ထွက်ထိုင်ရမည့် အလားအလာမျိုး ဖြစ်လာနေကြောင်း သိရှိရသည်။ လီဗာပူးလ်၏ ကွင်းတွင် စွမ်းဆောင်ရည်ဆိုင်ရာ အရာရှိ ဂလင်း ဒရင်စ်ကိုးလ်က "လောလောဆယ် ဘော်ရီနီဟာ အားကစားရုံ အပြင်ကို ထွက်လာပြီး ပထမဆုံးအကြိမ် ပြန်လေ့ကျင့်နိုင်နေပြီ။ ဘောလုံးအပေးအပို့၊ ပြီးတော့ အပြေးလေ့ကျင့်မှုတွေ လုပ်တယ်။ ပုံမှန်ဆိုရင် နောက်ထပ် (၆)ပတ်လောက် ကြာမှ ဒါမျိုးတွေ ပြန်လုပ်နိုင်မယ့် အခြေအနေမျိုး သူဒဏ်ရာ ရခဲ့တာပါ"ဟု ပြောကြားခဲ့သည်။
၎င်းက "လောလောဆယ် ဘော်ရီနီနဲ့ ပတ်သက်ပြီး အကောင်းမြင်နိုင်ပေမယ့် ကယ်လီ ကိစ္စကတော့ အချိန်ယူရနိုင်တယ်။ သူဟာ အကောင်းဆုံး ဖြစ်အောင် ကြံ့ခိုင်မှုကို ထိန်းသိမ်းနေတာပါ။ သူဟာ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေလောက် ကျရင်တော့ သေချာပေါက် ကစားနိုင်လိမ့်မယ်။ (၁၀၀)ရာခိုင်နှုန်းထက်တောင် ပိုကြံ့ခိုင်ပြီး (၁၁၀)ရာခိုင်နှုန်းလောက် စွမ်းဆောင်နိုင်မှာပါ။ ဒါပေမဲ့ လောလောဆယ်မှာတော့ သူ့ရဲ့ ကြံ့ခိုင်မှုက အကောင်းဆုံး ဖြစ်လာဖို့ နည်းနည်း နှေးနေတယ်။ သူဒီရာသီမှာ ပြန်ကစားနိုင်မယ်လို့ ကျွန်တော်တို့ မသေချာဘူး။ ဒါပေမဲ့ လာမယ့်ရာသီမှာတော့ အကောင်းဆုံး ခြေစွမ်းမျိုးနဲ့ ကစားနိုင်ပါလိမ့်မယ်"ဟု မှတ်ချက်ပြုသွားသည်။
လီဗာပူးလ်တွင် ဝေလလက်ရွေးစင် ကွင်းလယ်လူ ဂျိုးအလန်မှာလည်း ကြာသပတေးနေ့က ပခုံးခွဲစိတ်မှု ခံယူပြီးနောက် ရာသီကုန်ထိ အနားယူရမည်ဟု သိရှိရသည်။
Red: The Sun
soccer myanmar

No comments:

Post a Comment