Friday, March 15, 2013

ရုရှား အရှေ့ဖျားဒေသတွင် ပြင်းအား ၆.၅ အဆင့် ငလျင်လှုပ်


ရုရှားနိုင်ငံ အရှေ့ဖျားဒေသ ကမ်ချက်တာကျွန်းဆွယ် မြောက်ပိုင်းတွင် မတ် ၁၃ ရက်က ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် သေကျေမှု သို့မဟုတ် ပျက်စီးမှုနှင့် ပတ်သက်၍ သတင်း မရရှိကြောင်း သိရသည်။ ကမ်ချတ်ကာ ကျွန်းဆွယ်နှင့် ရုရှား ပြည်မကြီးတို့ ဆက်စပ်လျက်ရှိသော နေရာကို ဗဟိုပြု၍ ၂၃.၆ ကီလိုမီတာ အနက်၌ ဒေသစံတော်ချိန် ၁၅ နာရီ ၁၂ မိနစ်တွင် လှုပ်ခတ်ခြင်း ဖြစ်သည်။ ငလျင်၏ ဗဟိုချက်နှင့် အနီးဆုံးဖြစ်သော အော်ဆိုရာနှင့် တီလီချီကီတို့တွင် ငလျင်ဒဏ် အများဆုံး ခံစားရသည်ဟု သတင်းတွင် ဖော်ပြသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment