Thursday, March 7, 2013
နယ်မြေကျူးကျော်လာသူများအား မလေးရှားစစ်တပ် စီးနင်းတိုက်ခိုက်
မကြာသေးမီ ရက်များက ဘော်နီယိုကျွန်းတွင် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးကို သတ်ဖြတ်သွားသော ဖိလစ်ပိုင် လက်နက်ကိုင်များအား မလေးရှား စစ်သားများက ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း မတ် ၅ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ မလေးရှား တပ်ဖွဲ့ဝင်များသည် ဂျက်တိုက်လေယာဉ်များ ပစ်ကူမှုရယူပြီး ဖိလစ်ပိုင် ၁၈၀ ခန့် ၀င်ရောက်နေသည့် လာဟက်ဒါတု ဒေသအနီး၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးကို မတ် ၄ ရက် နံနက် ၇ နာရီတွင် စတင်ကြောင်း မလေးရှားအစိုးရက ပြောသည်။ မလေးရှားတို့ စီးနင်းတိုက်ခိုက်ပြီးနောက် တပ်ရင်းခုနစ်ရင်းကို ယင်းဒေသ၌ ဖြန့်ကြက်ချထားလိုက်သည်။ ဖိလစ်ပိုင်တို့က လွန်ခဲ့သည့် လမှစပြီး ယင်းတို့ပိုင်မြေဟုဆိုကာ လာဟက်ဒါတုခရိုင် ကမ်းရိုးတန်း ကျေးရွာတစ်ရွာ၌ အခြေချ နေထိုင်ခဲ့သည်။ ဖိလစ်ပိုင် လက်နက်ကိုင်အဖွဲ့က ၄င်းတို့နေထိုင်သော နေရာမှ ဖယ်ရှားပေးရန် မလေးရှား အစိုးရထံ ငွေတောင်းခံထားသည်။ မလေးရှားက ဖိလစ်ပိုင်လက်နက်ကိုင်တို့၏ ငွေတောင်းခံမှုကို ငြင်းဆိုပြီး ကိုယ့်နိုင်ငံကိုယ် ပြန်ကြရန် တိုက်တွန်းထားသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment