Friday, March 15, 2013
"မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးထံ အကူအညီတောင်းလာသည့် မေသန်းနု"
ပါရမီရှင်အငြိမ့်အခွေကို နယ်တချို့သို့ဖြန့်ချိရာတွင် ယခင်ဗီဒီယိုဗဟိုတာဝန်ရှိသူတစ်ဦးထံ မှ တစ်ဆင့် ဖြန့်ချိခိုင်းရာ ၃နှစ် နီးပါးကြာသည် အထိ ငွေကြေးရှင်း တမ်းပြုလုပ်မှုမရှိသေးသည့်အတွက်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးထံမေ သန်းနုက အကူအညီတောင်း ခံလာ ကြောင်း ကြားသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မေသန်းနုကို ဆက်သွယ်မေးမြန်းရာတွင်..
" ပါရမီရှင်အငြိမ့်ကနယ်ကို ဖြန့်တဲ့အခါသူက ဖြန့်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်ပေးတယ်လုပ်ပေးတာ။
ဒါပေမဲ့ နယ်တချို့က ပိုက်ဆံမပေးဘူးဆိုပြီး အစက တာဝန်ယူထားပြီးအခုမှ မပေးတော့တာ။ သူဖြန့်ထားတာဆိုတော့ သူတောင်းမှရမှာလေ။
နောက်ပြီး အခွေကRCဖြတ်တာမဟုတ်ဘူး။ Pre ဖြတ်တာ။ ရန်ကုန်မှာက ကိုယ်တိုင်ဖြန့်တာ၊ နယ်သစ်ဦးထုတ်လုပ် ရေးကနေ ဖြန့်ဖို့တင်ထားတာ။ ဒါပေမဲ့ နယ်ဘက်တွေကို မကျွမ်းကျင်ဘူးဆိုတော့ လုပ်ပေးမယ်ဆိုပြီး ယူသွားတာ၊အဲဒီတုန်းကသူကတော့ ကူညီပေးတာပါပဲ။ ကြာနေပြီတောင်းနေတာ ၃နှစ် လောက်ရှိနေပြီဆိုတော့ အစည်းအရုံးကနေတစ်ဆင့်တောင်းပေးဖို့ ပြောတာပါ။ နယ်ကိုယ်စားလှယ်မရဘူးဆိုလည်း သူက ကူညီပြီး လုပ်ပေးပေါ့။ သူအနေနဲ့နယ်က ဖုန်းနံ ပါတ်တွေကိုပေးပေမယ့် အဲဒီဖုန်းနံပါတ်တွေကဆက်လို့ အဆင်မပြေဘူး။
ဒီတော့ တောင်းပေးပါဆိုတာ မတောင်းပေးဘူး။ သူဖြန့်ထားတော့ သူရှင်းပေးမှရမှာလေ။ တကယ်လို့ သူမတောင်းပေးဘူးဆိုရင် လက်ရှိအစည်းအရုံးကနေ တစ်ဆင့်နယ် ကိုယ်စားလှယ်ရအောင် တောင်းမှာပါ။ အဓိကက နယ်တွေက တကယ်ပဲ မပေးဘူးလားဆိုတာ သိချင်တာ" ဟုရှင်းလင်းပြောကြားခဲ့သည်။
မေမွန်မောင်
Popular Journal

No comments:
Post a Comment