Monday, March 25, 2013
မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် အကူအညီပြန်ပို့ရန် တောင်ကိုရီးယား အတည်ပြု
မြောက်ကိုရီးယား၏ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် ဒုံးပျံလွှတ်တင်မှုနှင့် ယခု နှစ်၊ မတ်တွင် တတိယ အကြိမ်မြောက် မြေအောက် အဏုမြူဗုံးဖောက်ခွဲမှုတို့ကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှု အလွန် အမင်းမြင့်တက်ခဲ့ပြီးနောက် တောင်ကိုရီးယား အစိုးရက မြောက် ကိုရီးယား ထံ ပထမဆုံးအကြိမ်အဖြစ် အကူ အညီပြန်ပေးရန် မတ် ၂၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားအတွက် ၀မ် ၆၇၈ သန်း (အမေရိကန်ဒေါ်လာ ၆၀၅၀၀) တန်ဖိုးရှိ တီဘီရောဂါ ကာကွယ်ဆေးများကို သင်္ဘောဖြင့်ပေးပို့ရန်တောင်ကိုရီးယား အကူအညီပေးရေးအဖွဲ့ Eugene Bell အား ခွင့်ပြု ချက် ပေးခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား၏ ကိုရီးယားပြန် လည်ပေါင်း စည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယင်းအတည်ပြုမှုမှာ လူသားချင်း အကူအညီပေးရေးအတွက်ဟုသာ မှတ်ယူရမည်ဖြစ်ပြီး မြောက် ကိုရီးယား၏ မကြာသေးမီက ပြုမူခဲ့သောရန်စသည့်လုပ်ရပ်များကို ခွင့်လွှတ်လိုက်သည်ဟု မမှတ်ယူစေ လိုကြောင်း ယင်းဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ကင်ယွန်ဆပ်က ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ်ဆန်းပိုင်းတွင် သမ္မတဟောင်း လီမြောင်ဘတ်၏ ကွန်ဆာဗေးတစ်အစိုးရ တက်လာပြီးနောက် ပိုင်း မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာနှင့် မြေသြဇာများကို သင်္ဘောများဖြင့် ပေးပို့ခြင်းအား ရပ်ဆိုင်း ခဲ့သည်။ သို့သော် အရပ်ဘက်အဖွဲ့အစည်းများ၏ လူသားချင်းစာနာမှု အကူအညီပေးခြင်းတို့အား ခွင့်ပြုပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာတွင် နောက်ဆုံးအကြိမ် သင်္ဘောဖြင့် ပေးပို့ထားခဲ့ခြင်းဖြစ်သည်။
Ref:AFP
EMG

No comments:
Post a Comment