Friday, March 29, 2013

ကယ်လီကို ရာသီကုန်ထိ အသုံးပြုနိုင်ဖွယ် မရှိဟု လီဗာပူးလ် မန်နေဂျာ ရော့ဂျာဝန်ခံ


လီဗာပူးလ် လူငယ် ခံစစ်မှူး မာတင်ကယ်လီ အနေဖြင့် ရာသီကုန်ထိ အသင်းအတွက် ကစားနိုင်တော့မည် မဟုတ်ဟု သိရှိရသည်။
အသင်းက ၎င်း၏ ကြံ့ခိုင်မှု တိုးတက်နှုန်းကို လေ့လာပြီးနောက် ယခုရာသီတွင် ညာနောက်ခံ ကစားသမားလေးကို အသုံးပြုနိုင်တော့မည် မဟုတ်ကြောင်း ဝန်ခံခဲ့သည်။ ကယ်လီသည် မန်ချက်စတာ ယူနိုက်တက်နှင့် စက်တင်ဘာလက ရင်ဆိုင် ကစားသော ပွဲစဉ်တွင် ပြင်းထန်သော ဒူးဒဏ်ရာတစ်ခု ရရှိခဲ့သည်။ ၎င်းသည် ထို့နောက်ပိုင်းတွင် တောက်လျှောက် ဒဏ်ရာဖြင့် ရုန်းကန်နေရပြီး အသင်းအတွက် မကစားပေးနိုင်ချေ။ သို့သော်လည်း လာမည့် ဘောလုံးရာသီ အစတွင်မူ မန်နေဂျာ ဘရန်ဒန် ရော့ဂျာ၏ အသင်းအတွက် ကယ်လီအနေဖြင့် အဆင်သင့် ဖြစ်လာဖွယ် ရှိနေသည်။
ရော့ဂျာက "ကယ်လီက မေလဆန်းလောက်မှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မယ် ထင်တယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလောက်ပဲ ရှိဦးမယ်။ ကျွန်တော်ကတော့ ဒီရာသီ အသင်းမှာ သူဝင်ကစားဖို့ ဆိုတာ သေချာတဲ့ အနေအထား မဟုတ်တော့ဘူးလို့ ယူဆပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက "ကယ်လီအပြင် တိုက်စစ်မှူး ဖေဘီယို ဘော်ရီနီလည်း ဒီရာသီ ပွဲစဉ် တော်တော်များများကို လွဲပါလိမ့်မယ်။ ကွင်းလယ်လူ ဂျိုးအလန်ကတော့ ခွဲစိတ်မှု ခံယူထားလို့ ရာသီကုန်ထိ အနားယူရမှာပါ။ ကျန်တဲ့ အသင်းသား အားလုံးကတော့ ကြံ့ခိုင်မှု အပြည့်နဲ့ ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ"ဟု မှတ်ချက်ပြုသွားသည်။
Ref: Goal
soccer myanmar

No comments:

Post a Comment