Friday, March 22, 2013

ကာမိုင်းရဲစခန်းအား တိုက်ခိုက်ခဲ့သူအား ပြင်းထန်စွာအရေးယူတော့မည်


လိုင်ဇာရှိ KIA ဌာနချုပ်အနေဖြင့် KIAတပ်ရင်း(၆)မှတပ်ရင်းမှူး အင်ခွန်ဇော်ဒွဲအား ကာမိုင်းရဲတပ်ဖွဲ့စခန်းငယ် လေးအား အင်အားသုံးဝင်ရောက်တိုက်ခိုက်မှုနှင့် ပတ် သက်၍ အရေးယူရန်စီစဉ်နေပါသည်။
အင်ခွန်ဇော်ဒွဲအား KIA ဗဟိုမှ တပ်မတော်စစ်ကြောင်းများအား တိုက်ခိုက်ရန်သာ အမိန့်ပေးထားခြင်းဖြစ်ပြီး ကာမိုင်းရဲစခန်းအား တိုက်ခိုက်ရန် အမိန့်ပေးထားခြင်း မရှိကြောင်း လိုင်ဇာဌာနချုပ်မှ ဖြေရှင်းချက်ထုတ်ပြန်ထားသည်။ အင်ခွန်ဇော်ဒွဲ အနေဖြင့်ခိုင်းတာတစ်ခြား၊လုပ်ဆောင်တာတစ်ခြား ဖြစ်နေသည့်အတွက် လိုင်ဇာ ဌာနချုပ်သို့ ခေါ်ဆောင်ထားခဲ့သည်။

ကာမိုင်းမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအား KIA အင်အား(၁၀၀)ကျော်ဖြင့် ၀င်ရောက်တိုက်ခိုက် ခဲ့သည့် အတွက် ဒေသခံကချင်လူမျိုးများအပါအ၀င် လူထုမှပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချ ခဲ့သည်။ အင်ခွန်ဇော်ဒွဲ အနေဖြင့် ကာမိုင်းရဲစခန်းအား နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည့်အပြင် အဆိုပါ တိုက်ပွဲအောင် မြင်ခဲ့ မှုများနှင့်ပတ်သက်၍ မီဒီယာများသို့ဆက်သွယ်ပြောကြားခဲ့ခြင်းအတွက် KIA ဗဟိုမှ မကျေမနပ်ဖြစ်ကာယခု ကဲ့သို့လိုင်ဇာသို့ ခေါ်ယူထား ခြင်းဖြစ်သည်။

ထို့အပြင် အင်ခွန်ဇော်ဒွဲအနေဖြင့် ၄င်းစိုးမိုးရာနေရာဒေသရှိ လုပ်ငန်းရှင်များ ဈေးဆိုင်များအား KIA ဗဟိုမှကောက်ခံသော ရန်ပုံငွေနှုန်းထားများအား မီဒီယာသို့ အတိအလင်း ဖွင့်ပြောခဲ့သည်အတွက် KIA ဗဟိုအနေဖြင့်လက်ရှိတွင် တပ်ရင်းမှူးရာထူးမှချထားသည့်အပြင် စခန်းအတွင်း ချုပ်နှောင်ထားကြောင်း သိရှိရပါသည်။အင်ခွန်ဇော်ဒွဲကိုဗဟိုမှဘယ်လိုအပစ်ပေးမလိုဆိုတာမသိရကြောင်း သေဒဏ်ပေးရန်ရှိကြောင်း ၎င်းတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောပြခဲ့ပါသည်။
Kachin Daily News

No comments:

Post a Comment