(KCNA သတင်းဌာနက ဖော်ပြခဲ့သည့် မြောက်ကိုရီးယာစစ်သားများ၏ စစ်ရေးလေ့ကျင့်မှုမြင်ကွင်းတစ်ခု)
မြောက်ကိုရီးယားစစ်တပ်သည် တိုက်ပွဲအတွက်
အသင့်အနေအထား ပြင်ဆင်ထားပြီဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့်
ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင် ဟာဝိုင်ယီကျွန်း၊
ဂူအမ်ကျွန်းတို့ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်သွားမည်ဟု နိုင်ငံပိုင်
Korean Central News Agency - KCNA မှတစ်ဆင့် မြောက်ကိုရီးယားက ယနေ့ (မတ်လ
၂၆) ခြိမ်းခြောက်ပြောကြားလိုက်သည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲ
စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန် B-52 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား
ကောင်းကင်ယံတွင် ပျံသန်းမှုအပေါ် မြောက်ကိုရီးယားက အစောပိုင်းတွင်
သတိပေးခဲ့သည်။ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းသော အမေရိကန်၏ B-52
ဗုံးကြဲလေယာဉ်များမှာ နျူကလီးယားဗုံး အသုံးပြုနိုင်ကြောင်း သိရသည်။
Source: Reuters
Planet
No comments:
Post a Comment