Friday, March 29, 2013
လူနာသစ်အတွက် လူနာဟောင်းသတ်သည့် ဘရာဇီးဆရာဝန်ကို ဖမ်းဆီးတရားစွဲ
ဘရာဇီးနိုင်ငံတောင်ပိုင်း ကူရီတီဘာမြို့ရှိ အီဗန်ဂီလီကာ ဆေးရုံ၏ အထူးကြပ်မတ် ကုသဆောင်၌ လူနာခုနစ်ဦးကို သတ်ပစ်ခဲ့သည်ဟု စွပ်စွဲခံထားရသော ဆရာဝန်သည် လူနာ ၃၀၀ သေဆုံးခြင်းအတွက်လည်း တာဝန်ရှိသူ ဖြစ်ဖွယ်ရာရှိသည်ဟု ကျန်းမာရေး ၀န်ကြီးဌာနမှ စစ်ဆေးရေး အရာရှိတစ်ဦးက ပြောကြားသည်။ ဒေါက်တာ ဗာဂျီးနီးယားဆိုင်ရက်စ် ဒီဆော့ဇာနှင့် ၄င်း၏ ဆေးအဖွဲ့သည် လူနာများကို ကြွက်သားပျော့စေသည့် ဆေးများ တိုက်ကျွေးပြီး အောက်စီဂျင် ပေးထားခြင်းကို လျှော့ချလိုက်ကြရာ လူနာများသည် အသက်ရှူကျပ်၍ သေဆုံးသွားကြရသည်ဟု အစိုးရရှေ့နေများက ပြောသည်။ ဆရာဝန်လည်းဖြစ် မုဆိုးမလည်းဖြစ်သည့် ဒီဆော့ဇာ (၅၆)နှစ်ကို လွန်ခဲ့သောလ၌ ဖမ်းဆီးခဲ့ပြီး လူသတ်မှု ခုနစ်မှုဖြင့် စွဲချက်တင်ထားသည်။ ၄င်း၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ကြသော ဆရာဝန်သုံးဦး၊ သူနာပြုဆရာမသုံးဦးနှင့် အကြောပြင်ဆရာ တစ်ဦးတို့ကိုလည် လူသတ်မှုဖြင့် စွဲချက်တင်ထားသည်။ (ရိုက်တာ)
khitlunge

No comments:
Post a Comment