Friday, March 15, 2013

ဖောက်ကလန်ကျွန်းသား ရာနှုန်းပြည့်နီးပါးက ဗြိတိန်လက်အောက်တွင် နေထိုင်လိုသည်ဟု မဲပေး


ဖောက်ကလန် ကျွန်းသားများက ဗြိတိန် လက်အောက်တွင် နေထိုင်လိုသည့် ခိုင်မာသော သတင်းစကား တစ်ခုကို အာဂျင်တီးနားနိုင်ငံကို ပေးပို့ရန်အတွက် ဆန္ဒခံယူပွဲ ပြုလုပ်ရာတွင် ကျွန်းနေ ပြည်သူ ၉၉ ဒသမ ၈ ရာခိုင်နှုန်းက ဗြိတိန် လက်အောက်တွင် နေထိုင်လိုသည်ဟု မဲပေးခဲ့ကြသည်။ အာဂျင်တီးနားကမူ ယင်း ဆန္ဒခံယူပွဲ ပြုလုပ်မှုသည် တရားမ၀င်ဟု ပြောကြားပြီး အစောပိုင်း ကတည်းက ပယ်ချခဲ့သည်။ ဖောက်ကလန်ကျွန်းရှိ မဲပေးနိုင်သူ ၁၆၇၂ ဦး၏ ၉၂ ရာခိုင်နှုန်းသည် ဗြိတိန် ပြင်ပပိုင်နက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နေရာအဖြစ် ဆက်နေထိုင်လိုသည် ဆိုကာ ထောက်ခံမဲ ၉၉ ဒသမ ၈ ရာခိုင်နှုန်း မဲပေးခဲ့ခြင်း ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်သည့် ရလဒ်များ တွင် ဖော်ပြခဲ့သည်။ မဲပေးသူ သုံးဦးသာလျှင် ဗြိတိန် လက်အောက်တွင် နေထိုင်လိုခြင်း မရှိဆိုသည့် မဲကို ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မတ်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ပြုလုပ်ခဲ့သည့် ယင်း ဆန္ဒခံယူပွဲသို့ ကနေဒါ၊ ချီလီ၊ မက္ကဆီကို၊ နယူးဇီလန်၊ ပါရာဂွေး၊ အမေရိကန်နှင့် ဥရုဂွေးတို့မှ နိုင်ငံတကာ လေ့လာသူများ သွားရောက် လေ့လာခဲ့သည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment