Monday, March 11, 2013

ရှန်ဟိုင်းမြို့အနီး မြစ်တစ်စင်းအတွင်း ၀က်သေကောင်ရေ ၉၀၀ ကျော် မျောပါ


တရုတ်နိုင်ငံ၏ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ အနီးရှိ မြစ်တစ်စင်းတွင် မျောပါလာသော ၀က်သေကောင်ရေ ၉၀၀ ကျော်ကို တွေ့ရှိပြီး နောက်တွင် စုံစမ်းစစ်ဆေးမှု တစ်ရပ် စတင် ပြုလုပ်နေကြောင်း ယနေ့ သတင်းများတွင် ဖော်ပြသည်။ ယင်း ၀က်သေများကို ဟွန်ပူမြစ် အတွင်းသို့ အမှိုက်သရိုက်များကဲ့သို့ စွန့်ပစ်ခြင်း သို့မဟုတ် မည်သည့် တိရစ္ဆာန် ကူးစက်ရောဂါဖြင့် သေဆုံးခဲ့ခြင်း ဟူသည့် သက်သေ အထောက်အထားများကို ရှာဖွေတွေ့ရှိခြင်း မရှိသေးဟု သတင်းတွင် ဖော်ပြသည်။ ယင်းဖြစ်စဉ်ကြောင့် ဟွန်ပူမြစ်၏ ရေ အရည်အသွေးကို စောင့်ကြည့်မှတ်တမ်း တင်လျက်ရှိပြီး မည်သည့် နေရာက မျောပါလာသည်ကို ဖော်ထုတ်ရန် ကြိုးပမ်းနေကြသည်။ ရှန်ဟိုင်းမြို့နေ လူထုသည် ဟွန်ပူမြစ်ရေကို သောက်သုံးရေ အရင်းအမြစ်အဖြစ် အသုံးပြုနေကြောင်း ချိုင်းနားဒေလီ သတင်းစာတွင် ဖော်ပြသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment