Friday, March 29, 2013

အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် ဗုံး ၁၃ လုံး သိမ်းဆည်းရမိ


အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းပြည်နယ်များတွင် အာဖဂန်နစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် နေတိုး ဦးဆောင်သော နိုင်ငံတကာ လုံခြုံရေး အထောက်အကူပြုတပ်ဖွဲ့ (အိုင်အက်စ်အေအက်ဖ်)တို့ ပူပေါင်းစစ်ဆင်ရေး ပြုလုပ်စဉ် လက်လုပ်ဗုံး ၁၃ လုံးကို သိမ်းဆည်းရမိကြောင်း မတ် ၂၈ ရက်က သိရသည်။ အဆိုပါ စစ်ဆင်ရေးကို လွန်ခဲ့သည့် ၂၄ နာရီက နိုင်ငံအရှေ့ပိုင်း ပြည်နယ်များတွင် ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် အိုင်အက်စ်အေအက်ဖ်အဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။ ယင်းလက်လုပ်ဗုံးများကို ခို့စ်၊ ဂါဇနီ၊ ပက်တီကာ၊ ကူနာနှင့် ၀ါဒက်စ်ပြည်နယ်များမှာ တွေ့ရှိရကြောင်း၊ ယင်းဗုံးများ မပေါက်ကွဲစေရန် တပ်ဖွဲ့ဝင်များက စနက်တံများဖြုတ်ပစ်လိုက်ရကြောင်း၊ စစ်ဆင်ရေးတွင် စစ်သွေးကြွ မသင်္ကာသူတစ်ဦးကိုလည်း ထိန်းသိမ်းလိုက်ကြောင်း ပြောကြားသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာသည့်အတွက် ဗုံးရှင်းလင်းရေး လုပ်ငန်းများ ပြုလုပ်လျက်ရှိသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment