Friday, March 1, 2013

သြစတြေးလျရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


တရုတ်နိုင်ငံ တောင်ပိုင်းမှလာသည့် သင်္ဘောတစ်စင်းပေါ်တွင် ၀ှက်၍ သယ်ဆောင်လာသည့် မက်သာမက်သမင်း မူးယစ်ဆေးဝါး အမြောက်အမြားကို သိမ်းဆည်းရမိကြောင်း သြစတြေးလျ ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါ မူးယစ်ဆေးဝါသည် စုစုပေါင်း ၅၈၅ ကီလိုဂရမ်ရှိပြီး ခန့်မှန်းတန်ဖိုး သြစတြေးလျဒေါ်လာ သန်း ၄၃၀ (အမေရိကန်ဒေါ်လာ သန်း ၄၄၀) ရှိသည်ဟု ဆိုသည်။ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ စင်ကာပူ၊ သြစတြေးလျနှင့် ဟောင်ကောင်တို့မှ အမျိုးသားတစ်ဦးစီကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခိုက်သည်။ ၄င်းတို့သည် ဆစ်ဒနီတရားရုံး၌ တရားရင်ဆိုင်ရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံး သေဒဏ်အထိ ပြစ်ဒဏ်ချမှတ် ခံရနိုင်သည်။ (ဘီဘီစီ)
khitlunge

No comments:

Post a Comment