Sunday, March 24, 2013

ဂူဂယ်လ် CEO အဲရစ်ရှမစ် လာရောက်ပြီးနောက် .mm ဒိုမိန်းနှင့် play store အသုံးပြုခွင့်ရ

ဂူဂယ်လ် CEO အဲရစ်ရှမစ် မြန်မာနိုင်ငံသို့လာရောက်ကာ MICT park တွင်မြန်မာနိုင်ငံမှပညာရှင်များဖြင့်   ဆွေးနွေးသောနေ့ မတ်လ(၂၁)ရက်နေ့တွင် ဂူဂယ်လ်မှ www.google.com.mm ဒိုမိန်းအား လွှင့်တင်ခဲ့သည်။ .mm ဒိုမိန်းကို အသုံးပြုခြင်းအားဖြင့် မြန်မာဘာသာကို အသုံးပြု ကာရှာဖွေနိုင်ခြင်းနိုင်ခြင်း၊ဝက်ဘ်ဆိုက် ခေါ်ယူမှု ပိုမိုမြန်ဆန်ခြင်း အစရှိသည့် အားသာချက်များကို အသုံးပြုနိုင်မည်ဖြစ်သည်။
 
အဲရစ်ရှမစ်လာရောက်ပြီး မတ်လ၂၃ရက်နေ့တွင် ဂူဂယ်လ်မှ နာမည်ကြီးဝန်ဆောင်မှုတစ်ခုဖြစ်သော play store ကိုဖွင့်လှစ်ပေးခဲ့သည်။play store တွင် Android ဖုန်းများအတွက် အခပေး၊အခမဲ့ application ပေါင်း၈၀၀,၀၀၀ ခန့် download ဆွဲယူနိုင်ယုံသာမက ရုပ်ရှင်နှင့်သီချင်းများကိုပါ အခကြေးငွေပေးပြီး ဆွဲယူနိုင်မည်ဖြစ်သည်။
 
Play store ကို ယခင်က အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုများကြောင့် ဂူဂယ်လ်မှ ပိတ်ထားခဲ့သော်လည်း အဲရစ်ရှမစ်လာရောက်ပြီးနောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။Google play store တွင် နိုင်ငံအသီးသီးမှ download ရယူမှုပေါင်း ၂၅ ဘီလီယံကျော်သွားခဲ့ပြီ ဖြစ်သည်။

ကိုဒေ(မြစ်မခ)

No comments:

Post a Comment