Friday, March 29, 2013

ဦးတေဇထူထောင်ထားသော Htoo Foundation မှ ဧဝရက်တောင် သို့ တက်ရောက်ရန် တောင်တက် ဝါသနာပါသူများကိုဖိတ်ခေါ်

မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ် ခါကာဘိုရာဇီတောင် (၁၉၂၉၆ ပေ) ၏ အနီးအနား လွန်စွာလှပသော“ဂမ်လန်ရာဇီတောင်” (၁၉၁၄၂ ပေ) သည် ဆီးနှင်းမြူများ အမြဲ ဖုံးလွှမ်းနေသောကြောင့် ယခုကဲ့သို့ ရှင်းလင်းလှပနေသည့် ဓါတ်ပုံကို ဒေသခံ တိုင်းရင်းသား တို့ပင် ယခင်က မြင်ဘူးခဲ့ခြင်း မရှိပါ။ လွန်စွာရှား ပါးလွန်း လှကြောင်း ကိုလည်း အသိပေးတင်ပြအပ်ပါတယ်။

အဆိုပါတောင်သို့ မိမိ ၏ သူရဲကောင်း ၅ဦးမှ တစ်ဦးဖြစ်သော“ကိုသက်ထွန်း” မှာ သူကိုယ်တိုင် ဦးစီး၍ တက်ရောက်ရန် ပြင်ဆင်နေပါတယ်။ ထို့အတွက်ကြောင့် ဂမ်လန်ရာဇီ တောင်ထိပ်သို့ လိုက်ပါတက်ရောက်လိုသူများအား Htoo Foundation အနေဖြင့် ဂမ်လန်ရာဇီတောင်တက်ရင်း လမ်း တလျှောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ ပူးတွဲ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည် အားလုံးကို စီစဉ်ပေးမည် ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် လိုက်ပါ တောင်တက်လိုသူများ Htoo Foundation Facebook စာမျက်နှာသို့ လာမည့်ဧပြီလ (၅) ရက်နေ့မှ စ၍ Message ပို့ စာရင်းပေးပါရန် တိုက်တွန်းလိုက် ပါတယ်။ နိုင်ငံခြားသား တောင်တက် ဆရာနှင့် လေ့ကျင့်ပေးမည် ဖြစ်ပါတယ်။

အလားတူ Mount Everest ဧဝရက်တောင်သို့ တက်ရောက်ရန် တောင်တက် ဝါသနာပါသူများကို မိမိတို့၏ Htoo Foundation မှ နိုင်ငံတကာတောင်တက်အားကစားနှင့် ထိမ်းသိန်း ကာကွယ် စောင့်ရှောက်ရမည့် Ethic များ၊ Teamwork များ လေ့လာသိရှိနိုင်စေရန် စီစဉ်ပေးမည်ဖြစ် ပါတယ်။ တက်ရောက်ရန် ရွေးချယ်ခံရမည့်သူ များအားလည်း နိုင်ငံခြားတွင် သင်တန်းပေးသွားရန် စီစဉ်ထားရှိပါတယ်။

U Tayza Facebook

No comments:

Post a Comment