Michael Learns to Rock (MLTR) ဂီတအဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်
ရန်ကုန်မြို့သို့ ယနေ့(မတ် ၂၉) နံနက်က
ရောက်ရှိလာသော ကမ္ဘာကျော်ဂီတ အဖွဲ့ မိုက်ကယ်လန်းတူရော့ခ် အဖွဲ့သည် ယနေ့ ညနေ
၅နာရီက ဆီဒိုးနားဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ သူတို့၏ နာမည်ကျော်သီချင်းများကို မြန်မာမှုပြုပြန်လည်သီဆိုထားသည်ကို
သိရပြီး ထိုအတွက် ဂုဏ်ယူဝမ်းသာမိကြောင်း ပြောကြားခဲ့ကာ မတ်လ ၃၁ ရက်တွင်
ပြည်သူ့ရင်ပြင်တွင် ကျင်းပမည့် ဖျော်ဖြေပွဲတွင် သူတို့ ၏
အောင်မြင်ကျော်ကြားသော သီချင်းများအပါအ၀င် အပုဒ် ၂၀ကျော်သီဆိုသွားမည်ဟု
မှန်းထားကြောင်း ပြောကြားခဲ့သည်။
ဓာတ်ပုံ - ကျော်ဇင်သန်း
7 Day News Lournal
No comments:
Post a Comment