Thursday, March 7, 2013
အီရန်နိုင်ငံက Qaem ဆက်သွယ်ရေး ဂြိုဟ်တုလွှတ်တင်မည်
အီရန်နိုင်ငံက Quem အမည်ရှိ ဆက်သွယ်ရေး ဂြိုဟ်တုကို နိုင်ငံအတွင်းရှိ ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များ ကောင်းမွန်စေရန်အတွက် လာမည့်နှစ်များတွင် အာကာသအတွင်း လွှတ်တင်သွားမည်ဖြစ်ကြောင်း အီရန် အာကာသအေဂျင်စီ ခေါင်းဆောင် (အိုက်အကစ်အေ)၏ ပြောကြားချက်ကို မတ် ၄ ရက်က ပရက်စ်တီဗွီ သတင်းတွင် ဖော်ပြသည်။ ထရန်စပွန်ဒါ ၁၂ ခုနှင့်အတူ အလေးချိန်တစ်တန်ရှိ အဆိုပါ ဆက်သွယ်ရေး ဂြိုဟ်တုကို လာမည့်ငါးနှစ်အတွင်း အီရန်နိုင်ငံ၏ ဂြိုဟ်ပတ်လမ်းကြောင်းဆိုင်ရာ နေရာများအနက် တစ်နေရာတွင် ထားရှိသွားရန် မျှော်လင့်ထားကြောင်း အိုင်အက်စ်အေခေါင်းဆောင် ဟာမစ်ဖာလဇလီက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ ယင်းအစီအစဉ် ပြီးမြောက်အောင်မြင်စေရန် အလို့ငှာ ကမ္ဘာမြေ၏ မျက်နှာပြင်မှ အမြင့် ကီလိုမီတာ ၃၆၀၀၀ ခန့်ရှိ ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ အလေးချိန် တစ်တန်အထက် ဂြိုဟ်တုများထားရှိနိုင်ရန် အာကာသဒုံးပျံ သယ်ဆောင်ရေးယာဉ်များကို ထုတ်လုပ်သင့်ကြောင်း ဖာဇလီက ဆက်လက် ပြောကြားခဲ့သည်။ ထို့အပြင် အမျိုးသား ဂြိုဟ်တုလွှတ်တင်ရေး စခန်းတစ်ခုကိုလည်း အီရန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ခိုင်ခိုင်မာမာ ရှိထားသင့်ကြောင်း ၄င်းက ပြောကြားသည်။
(ပရက်စ်တီဗွီ)
khitlunge

No comments:
Post a Comment