Sunday, March 24, 2013

အင်ဂျင်ပါဝါ ၆၀၀ စီစီရှိသော Suzuki Carryကဲ့သို့ Mini Truck များအား (Box အပါအ၀င်) Mini Turck အနေဖြင့် လျှောက်ထားမှု USD5000 ဖြင့် သတ်မှတ်ခွင့်ပြုမည်


အင်ဂျင်ပါဝါ ၆၀၀ စီစီရှိသော Suzuki Carryကဲ့သို့ Mini Truck များအား  (Box အပါအ၀င်) Mini Turck အနေဖြင့် လျှောက်ထားလာပါက ၂၀၀၃ ခုနှစ်မော်ဒယ်မှ ၂၀၁၂ ခုနှစ်မော်ဒယ်အထိ သတ်မှတ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါလျှောက်ထားမှုကို USD5000 ဖြင့် သတ်မှတ်ခွင့်ပြုမည်ဖြစ်သည်ဟု One Stop Service အဖွဲ့မှ ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။ ၎င်းအပြင် ၁၀ ယောက်စီးမှ ၁၅ ယောက်စီးအထိ Mini Bus (ဘယ်မောင်း) များအား ရာသက်ပန်အနီဖြင့်ပြေးဆွဲခြင်းအတွက် Bus အခွန်နှုန်းထားဖြင့် ဆောင်ရွက်ရန်နှင့် သွင်းကုန်လိုင်စင်/ပါမစ်တွင် Mini Bus များအား ထာဝရအငှား (ဘယ်မောင်း) အနီဖြင့် မှတ်ပုံတင်ယူရန်ဟု မှတ်ချက်ထည့်သွင်းပေးပြီး ကိုယ်ပိုင်နှင့်ကုမ္ပဏီများမှ (၁၀) ယောက်စီးမှ ၁၅ ယောက်စီးအထိ  Mini Bus (ဘယ်မောင်း၊  ညာမောင်း) များအား လူစီးယာဉ်အခွန်နှုန်းထားဖြင့်ပေးဆောင်မည်ဆိုပါက သွင်းကုန်လိုင်စင်ပါမစ်တွင်  ကိုယ်ပိုင်နံပါတ်အနက်ဖြင့်မှတ်ပုံတင်ရာ၌ မှတ်ချက်ထည့်သွင်းပေးရန် One Stop Service မှ ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။ ထို့အပြင် လူနာတင်ယာဉ်များအား တစ်ဖက်နိုင်ငံမှ ပြည်တွင်းရှိလူမှုရေးအသင်းအဖွဲ့များအတွက် လှူဒါန်းခြင်း၊ ပြည်တွင်းအလှူရှင်များမှ စုပေါင်းလှူဒါန်းခြင်းအတွက် ခွင့်ပြုပေးလျက်ရှိသည်ဟု သိရသည်။ လူနာတင်ယာဉ်အား တင်သွင်းရာတွင် သတ်မှတ်ချက် ၈ ချက် ပါဝင်ရမည်ဖြစ်သည်။ အဆိုပါသတ်မှတ်ချက်များအနေဖြင့် သက်တမ်းရှိ မှတ်ပုံတင်အဖွဲ့အစည်းဖြစ်ရမည်၊ Invoice တင်ပြရမည်၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ပါရှိရမည်၊ သတ်မှတ်မော်ဒယ် (၁၉၉၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း) ဖြစ်ရမည်။ လူနာတင်ယာဉ်အတွက်  ကျန်းမာရေးဝန်ကြီးဌာန၏  ထောက်ခံချက်ပါရှိရမည်ဟု  သတ်မှတ်ထားကြောင်းသိရသည်။ ၎င်းအပြင် ကျန်းမာရေးဝန်ကြီးဌာန  လက်အောက်ရှိဆေးရုံများ၊ ဆေးပေးခန်းများအတွက် လှူဒါန်းသောလူနာတင်ယာဉ်များတင်သွင်းခွင့်အား ကျန်းမာရေးဝန်ကြီးဌာနအမည်ဖြင့်လျှောက်ထားခြင်း၊ တစ်ဖက်နိုင်ငံလှူဒါန်းစာ သို့မဟုတ် ပြည်တွင်းအလှူရှင်အသင်းအဖွဲ့၏ လှူဒါန်းစာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် စသည်တို့ပါရှိရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။ ၎င်းအချက်အလက်များနှင့်ပတ်သက်၍ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန  သွင်းကုန်လုပ်ငန်းဌာနခွဲ၌ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

Internet Journal

No comments:

Post a Comment